25 C
Yangon

စစ်ကောင်စီတပ်များ ရေဦးမြို့နယ်၊ တမာတောရွာအနီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား၊ အရာတော်တွင်လည်း စစ်ကား ၂စီး မိုင်းဆွဲခံရပြီး ပျူစောထီး ၁ ဦး သေဆုံး 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦး-တမာတော- ကံထူးမ လမ်းအနီးတစ်ဝိုက်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုးဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောကြားသည်။ 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရေဦး PDF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်ခန့်က မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ 

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အကျအဆုံးများနိုင်ပြီး သေဆုံး စာရင်း အတိအကျကို မသိရှိရသေးပေ။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက် စစ်ကောင်စီဝင်များ လက်နက်ကြီးများနှင့် ရမ်းသန်းပစ်ခတ်နေ၍ အနီးအနားကျေးရွာရှိ ဒေသခံများ ပုန်းရှောင်နေကြရပြီး ပေကြီးရွာရှိ နေအိမ် ၂လုံးကိုလည်း အကြမ်းမဲ့ ဖျက်ဆီး ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၃ရက်နေ့ နံနက် ၆နာရီ ဝန်ကျင်းတွင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အောင်သာကုန်းကျေးရွာမှ ဖောကား ၂စီးဖြင့် အရှေ့ထွက်လာသော စစ်ယာဉ်တန်းကို ကျောက်စရစ်ကန်ရွာနှင့် ဝါရောင်း ကျေးရွာ အကြားတွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အရာတော်မြို့နယ်အောင်သာကုန်းကျေးရွာမှ ထွက်ခွာလာသော စစ်သားနှင့်ပျူစောထီးများ ပါသည့် ဖောကား၂စီးအနက် ရှေ့ကားအား ဝါရောင်းကျေးရွာ အနောက်ဘက်တွင် ပဒေသာမိုင်း ၄-လုံးဖြင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ဝါးနှစ်ပြန်လောက်အကွာတွင် ကားထိုးရပ်သွားခဲ့ကြောင်း၊ စစ်သားများက ထိုနေရာမှ သေနတ်ဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း၊  ထို့နောက် ပျူစောထီးများက မိုင်းဆွဲခံရသော ကားကို အနောက်မှာ ပါလာသောကားဖြင့် ချိတ်ဆွဲ၍ ကျောက်စရစ်ကန်ရွာ ဘက်သို့ ပြန်အလာတွင် ပဒေသာမိုင်း၂လုံး တူမီးရှေ့ထွက်လက်နက်ကြီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ၊  ပျူစောထီးတစ်ဦး ဒဏ်ရာများဖြင့် ဖမ်းမိသော်လည်း ထွက်ပြေးရန်ကြံစည်သဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။ 

အဆိုပါ စစ်ဆင်ရေးကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ တို့မှဦးဆောင်၍ Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF) ညီနောင် (၈) ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အရာတော်တွင် မိုင်းဆွဲခံရသော စစ်သားများ သယ်ဆောင်လာသည့် ဖောကား ၂ စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article