25 C
Yangon

AZSCO အမည်ရှိရုရှားသင်္ဘောက တင့်ကားအပါအဝင် လက်နက်ကြီးအမြောက် များ၊ လက်နက်ခဲယမ်းကို သီလဝါဆိပ်ကမ်းတွင် လာချပေး၊ ညတွင်း ချင်း ဆိပ်ကမ်းမှ သယ်ယူ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅ 

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ၊ သီလဝါ MITT ဆိပ်ကမ်းတွင် AZSCO အမ ည်ရှိ ရုရှားသင်္ဘောက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တင့်ကားများ၊ လက်နက် ကြီး အမြောက်များ၊ လက်နက်ခဲယမ်းများကို လာချပေးခဲ့ပြီး ယင်းတင့်ကားနှင့် လက်နက်ကြီးအမြောက်များကို ယမန်နေ့ညပိုင်းတွင် စစ်တပ်က သယ်ဆောင်သွားကြောင်း ရန်ကုန် ခေတ်သစ်က စုံစမ်းသိရှိရသည်။ 

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် AZSCO အမည်ရှိ ရုရှားသင်္ဘောသည် သီလဝါ MITT ဆိပ်ကမ်းသို့ ဆိုက်ရောက်လာပြီး တင့်ကား၊ လက်နက်ကြီးအမြောက်များနှင့် လက်နက်ခဲယမ်းများကို ချထားပေးကြောင်း၊ ပစ္စည်းများ ချထားပေးပြီးနောက် ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် AZSCO သင်္ဘော ချက်ချင်း ပြန်လည် ထွက်ခွာသွားကြောင်း ရန်ကုန်တိုင်းစစ်တပ်သတင်းရပ်ကွက်က အတည်ပြုသည်။ 

သင်္ဘောက ချထားပေးသည့် တင့်ကားများ၊ လ က်နက်ကြီးအမြောက်များ၊ လက် နက်ခဲယမ်းများကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် သယ်ယူကြောင်း သိရှိရသည်။ 

“သယ်တာက ဒဂုံ သီလဝါလမ်းအတိုင်း သီလဝါ Gate 1 ကနေ သယ်တာပါ။ တင့်ကားတင်တာက တွဲကား ၂၆ စီး၊ လက်နက်နဲ့ အမြှောက်တွေ တင်တာက ၆ စီးပါ။ ကာဖျူးအချိန်မှာ သယ်တာပါ” ဟု ရန်ကုန်တိုင်းစစ်သတင်းရပ်ကွက်က အတည်ပြုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article