25 C
Yangon

မြို့နယ်များတွင် စစ်မှုထမ်းဟောင်း စာရင်း လျှို့ဝှက်ကောက်ယူ၊ ရပ်ရွာများတွင် စစ်သင်တန်းတက်ရန် စစ်တပ်က လူလိုက်စုနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆ 

အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက မြို့နယ်များတွင် စစ်မှုထမ်းဟောင်း စာ ရင်း ကို လျှို့ဝှက်ကောက်ယူ လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။ 

“မြို့နယ်တွေမှာ စစ်မှုထမ်းဟောင်း ကိုယ်ရေးအချက်အလက်(လျှို့ဝှက်)ဆိုပြီး စစ်ကောင်စီကတောင်းနေတပါတယ်။ ဖြည့်ရမယ့်ဖောင်မှာလည်း လျှို့ဝှက်လို့ရေးထားတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် အမှတ်ကစလို့ ကိုယ်ရေးအကျဉ်း အကုန်ဖြည့်ရတယ်။ ဘာလုပ်ဖို့လဲဆိုတာလည်း မပြောဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။ 

ထို့ပြင် စစ်ကိုင်းတိုင်းတွင်လည်း စစ်ကောင်စီက ကျေးရွာများရှိ လူငယ်များကို စစ်တပ်က ပေးမည့် စစ်သင်တန်းတက်ရောက် လိုက်လံ စည်းရုံးလျက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာတွင်လည်း စစ်တပ်က စစ်သင်တန်းတက်ရောက်ရန် လူငယ်များကို စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။ 

“ကန့်ဘလူမြို့နယ် နတ်ပေးရွာမှာ လူငယ်တွေကို  အိမ် ၁၀ ခုမှာ  လူငယ်တစ်ယောက်နှုန်း မဖြစ်မနေ စစ်သင်တန်းတက်ရမယ်ဆိုပြီး စစ်တပ်က အကျပ်ကိုင်နေပါတယ်။ နတ်ပေးရွာမှာ ကြံ့ခိုင်ရေးထောက်ခံသူအများဆုံးရွာဖြစ်တာကြောင့် ဖိအားပေးပြီး အတင်းတက်ခိုင်းနေပါတယ်။ စစ်တပ်နဲ့ ကြံ့ခိုင်ရေးထောက်ခံသူတွေက သူတို့ရဲ့ဆန့်ကျင်သူတွေကို အမြဲတမ်း စောင့်ကြည့်တယ်။ စစ်သင်တန်းတက်ဖို့က မနေ့က စပြီး လူစုနေတာ။ ဆယ်အိမ်ခေါင်းတွေကလည်း တစ်အိမ်ဝင်တက်ဆင်းလုပ်ပြီး ပျူ စစ်သင်တန်း တက်ရမယ်ဆိုပြီး လူလိုက်စုတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း အပါအဝင် တိုင်းနှင့်ပြည် နယ်များတွင် စစ်သင်တန်းများ ဖွင့်လှစ်၍ စစ်တပ်အလိုကျ လက်နက်တပ်ဆင်ထား‌သော အဖွဲ့များ ဖွဲ့စည်းလျက်ရှိကြောင်း  သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article