26 C
Yangon

ပြင်ဦးလွင် ဘူတာ အနီးရှိ CDM မီးရထား ဝန်ထမ်း လိုင်းခန်းများနှင့် ကျူးကျော်များကို ၇ရက်အတွင်း မဖယ်ရှားလျှင် ပုဒ်မ ၅၀၅ ဖြင့် အရေးယူမည်ဟု လိုက်လံ ခြိမ်းခြောက် 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ CDM ဝန်ထမ်း လိုင်းခန်းများနှင့် ကျူးကျော်များကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်နှင့် Non-CDM မီးရထား ဝန်ထမ်းများက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အတင်း အဓမ္မပြောင်းရွေ့ရန် လိုက်လံပြောဆိုခဲ့ပြီး ၇ရက်အတွင်း ပြောင်းရွေ့ခြင်း မရှိသူများကို ပုဒ်မ ၅၀၅ ဖြင့် အရေးယူမည်ဟု လိုက်လံ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။   

အဆိုပါ CDM ဝန်ထမ်း လိုင်းခန်းများနှင့် ကျူးကျော်များကို အတင်း အဓမ္မပြောင်းရွေ့ရန် လိုက်လံပြောဆိုခြင်းကို မန္တလေးတိုင်း မီးရထား တိုင်းတာဝန်ခံ (၃)ဖြစ်သည့် စိုင်းသော်လင်း ဆိုသူက ညွန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“မနေ့က CDM ဝန်ထမ်း လိုင်းခန်းတွေနဲ့ ကျူးကျော်တွေကို ဖယ်ရှားပေးဖို့ဆိုပြီး လိုက်ပြောသွားတယ်။ တချို့တွေကျတော့လည်း ချက်ခြင်း ဖယ်ရှားပေးလိုက်တယ်။ သွားစရာမရှိသူတွေတော့ ဖယ်ရှားပေးဖို့ ခက်နေတယ်။ CDM မီးရထား ဝန်ထမ်းတွေကိုတော့ အလုပ်ပြန်ဝင်မယ်။ အလုပ်ပြန်မဝင်ရင် လိုင်းခန်းကနေ (၇)ရက်အတွင်းဖယ်ရှားရမယ် ပြောတယ်။ ကျူးကျော်အိမ်တွေတော့ ၇ရက်ပြည့်လို့ အဖျက်မခံရင် ၅၀၅ ထုတ်မယ်လို့ ပြောသွားတယ်။ ရဲတွေကတော့ ယူနီဖောင်းဝတ်တွေနဲ့ပါတယ်။ အရပ်ဝတ် သေနတ်ကိုင်ထားတဲ့ သူတွေလည်းပါတယ်။ အခုလက်ရှိ ပြင်ဦးလွင် မြို့ပေါ်ဆိုရင် မီးရထား CDM လုပ်ထားတဲ့သူက ၁၃၂ ဦးရှိတယ် ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article