32 C
Yangon

တမူးမြို့၊ ၄ မိုင် စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ ၄ မိုင် စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တမူး PDF တပ်ရင်း ၄ TSG နှင့် ဗမာ့ကျောင်းသားများအဖွဲ့အစည်း BSO ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီကျော်တွင် အလစ်ဝင်တိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရသွားကြောင်း တမူး PDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။

အဆိုပါ ၄ မိုင် စစ်ဆေးရေးဂိတ်သို့ လာရောက်ပူးပေါင်းသော ပျူစောထီးအဖွဲ့ကို TSG နှင့် BSO ပူးပေါင်းအဖွဲ့က ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိကြောင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – တမူး PDF တပ်ရင်း ၄ TSG နှင့် BSO တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article