25 C
Yangon

ရန်ကုန်တိုင်းမှူး ညွှန့်ဝင်းဆွေနှင့် လှစိုး လာရောက်သည့် တောင်ဒဂုံ ၂၅ ရပ်ကွက် နိကာယ်ငါးရပ်ကျောင်းအနီး ဗုံး ၃ ကြိမ်ပေါက်ကွဲကာ စစ်တပ်က ပစ်ခတ် ၊ မန္တလေးတွင် စစ်တပ်ထုတ် ဘီယာရောင်းသည့်ဆိုင်များ ဖောက်ခွဲ မီးရှို့ခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းမှူး ညွှန့်ဝင်းဆွေနှင့် တိုင်းစစ်ကောင်စီဥက္ကဋ္ဌ လှစိုးတို့ ယနေ့ လာရောက်သွားသည့် တောင်ဒဂုံမြို့နယ်၊ ၂၅ ရပ်ကွက် နိကာယ် ငါးရပ်ကျောင်း တိုက်အနီးတွင် ယနေ့ ည ဗုံး ၃ ကြိမ်ပေါက်ကွဲပြီး ပစ်ခတ်သံများကြားရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

ရန်ကုန်တိုင်း တိုင်းမှူး ညွှန့်ဝင်းဆွေနှင့် တိုင်းစစ်ကောင်စီ ခေါင်းဆောင် လှစိုးတို့ ယနေ့ နေ့လယ်ပိုင်းတွင် တောင်ဒဂုံ ၂၅ ရပ်ကွက် နိကာယ်ငါးရပ်ကျောင်းသို့ လာရောက်ပြီး မဘသခေါင်းဆောင် ရွာမဘုန်းကြီး ပူဇော်ပွဲ လာရောက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ည ၈ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ ည ၈ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ်၊ ည ၉ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ် ၃ ကြိမ်ဗုံးများပေါက်ကွဲကြောင်း၊ ယင်းနောက် သေနတ်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ပြောသည်။

“ဗုံးပေါက်ပြီးတော့ ၂၅ ရပ်ကွက် ဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေ ပစ်ခတ်တာနေမယ်။ သေနတ်သံ ဆက်တိုက်ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇန်နဝါရီ ၂၈ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီထုတ် ဘီယာများရောင်းချသည့် ၁၂ လမ်းနှင့် ၈၈ လမ်းရှိ Smart ဘီယာဆိုင်ကို ပြည်သူများထိမည်စိုး၍ ဆိုင်ကယ်များအကြား ဗုံးဖောက်ခွဲခြင်း၊ ၂၂ လမ်း၊ ၉၀ လမ်းနှင့် ၉၁ လမ်းကြားရှိ ဒဂုန်စတား ဘီယာဆိုင်ကို မီးရှို့ခြင်းများကို JMPDF ၊ Phoenix ၊ KDF နှင့် Mandalay PDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်းစစ်ကောင်စီခေါင်းဆောင် လှစိုးနဲ့ တိုင်းမှူး ညွှန့်ဝင်းဆွေ ယနေ့ မဘသ ဘုန်းကြီး ပူဇော်ပွဲ လာရောက်စဉ်။

Photo- People Image

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article