ရန်ကုန်၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကြောင်း Black Wolf-PDF က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၃၀ရက်နေ့ ညနေ ၆ နာရီ ၂၅မိနစ်အချိန် ရွှေဘိုတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ဆေးရေးဂိတ်ကို BLACK WOLF – PDF အဖွဲ့က ဒရုန်းတွင် ဗုံးသီးချိတ်၍ ဗုံးကျဲတိုက်ခိုက်ကြောင်း၊ စစ်သားများ အထိအခိုက် အကျအဆုံး ရှိ နိုင်ကြောင်း သိရှိရသည်။