38 C
Yangon

မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အရှိန်မြှင့်တိုက်ခိုက်မည်ဖြစ်ကြောင်းနှင့် CDM မပြုလုပ်ပါက မြို့နယ်အတွင်းမှ အပြီးထွက်သွားရန် မြိုင် ပ.အ.ဖ သတိပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှိန်မြှင့်၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဖေဖေါ်ဝါရီလ ၁၀ ရက် မတိုင်မီ CDM ပြုလုပ်ရန်နှင့် မပြုလုပ်ပါက မြို့နယ်အတွင်းမှ ထွက်ခွာသွားရန် မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မြိုင် ပ.အ.ဖ က ယနေ့ ထုတ်ပြန်သတိပေးလိုက်သည်။မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာရူးတသိုက်သည် မျက်နှာပြောင်တိုက်ကာ အတင်းအဓမ္မအုပ်ချုပ်နိုင်ရေးနှင့် မြိုင်မြို့နယ် ပြည်သူများကို ကျွန်ပြုအုပ်ချုပ်ရန် ကြိုးစားနေသည်ကို လက်မခံဘဲ ရရာနည်းဖြင့် တိုက်ခိုက်နေကြောင်နှင့် ပိုမိုထိရောက်စွာအရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင် ပ.အ.ဖ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ယင်းအပြင် ဖေဖေါ်ဝါရီ ၁၀ ရက်မတိုင်မီ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ CDM ပြုလုပ်ရန်၊ မလုပ်ပါက မြို့နယ်အတွင်းမှ ထွက်ခွာရန်၊ လိုက်နာခြင်းမရှိပါက မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က နေရာမရွေး နည်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article