37 C
Yangon

မုံရွာနှင့် ရေစကြိုရှိ ပျူစောထီး အဖွဲ့ဝင် ၃ဦး သတ်ခံရပြီး ကသာမြို့ စာတိုက်ရုံးတွင် ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီး တပ်စိတ်မှူးတစ်ဦးဖြစ်သည့် ယဉ်နွယ်သိမ့်(ခ)မီးမီးကို ဇန်နဝါရီလ ၃ဝရက်နေ့ ည ၉နာရီ ၄၅မိနစ်တွင် ဗိုလ်စနေ ဦးဆောင်သည့် အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ ယဉ်နွယ်သိမ့်သည် ပန်းရောင်းသည့် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ပျူစောထီးအဖွဲ့ တပ်စိပ်မှူး ဖြစ်သောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်စနေ အဖွဲ့က ထုတ်ပြန်ထားသည်။အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးကုန်းအုပ်စု ဇီးကုန်းကျွန်းကျေးရွာတွင် နေထိုင်သော ပျူစောထီး အဖွဲ့ဝင် အုန်းသောင်နှင့် သားမြင့်မိုးတို့ကို ၎င်းတို့ နေအိမ်၌ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အမည်မသိ သေနတ်သမားများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ကသာမြို့နယ် စာတိုက်ရုံးတွင် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁ဝနာရီခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

Photo – မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီး တပ်စိတ်မှူး ယဉ်နွယ်သိမ့်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article