38 C
Yangon

စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ် ပျက် ပြယ်ရန် ဝန်ထမ်းရုံးတက်ရုံးဆင်းချိန်၊ ကျောင်းတက်ကျောင်းဆင်းချိန်များကို နံနက် ၁၀ နာရီမှ ညနေ ၃ နာရီသို့ စစ်ကောင်စီက ပြောင်းလဲသတ်မှတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပျက်ပြယ်စေရန် ဝန်ထမ်းများ ရုံးတက် ရုံးဆင်းချိန်၊ ကျောင်းတက်ကျောင်းဆင်းချိန်များကို နံနက် ၁၀ နာရီမှ ညနေ ၃ နာရီသို့ စစ်ကောင်စီက ယနေ့ ပြောင်းလဲ သတ်မှတ်ကြောင်း နေပြည်တော်နှင့်စစ်ကိုင်းတိုင်းမှ ဝန်ထမ်းများထံမှ သိရှိရသည်။”မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်ရက်တည်းကို ရုံးတက်ချိန်က နံနက် ၁၀ နာရီ။ ရုံးဆင်းချိန်က ညနေ ၃ နာရီ။ ကျောင်းတွေ အားလုံးလည်း အဲဒီအချိန်ပဲ သတ်မှတ်” ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင်လည်း ရုံးတက် ရုံးဆင်းချိန်နှင့် ကျောင်းတက် ကျောင်းဆင်းချိန်များကို နံနက် ၁၀ နာရီမှ ညနေ ၃ နာရီသို့ ပြောင်းလဲကြောင်း ယနေ့ အရေးပေါ် ညွှန်ကြားချက် စစ်ကောင်စီဘက်က ထုတ်ပြန်လာကြောင်း သိရှိသည်။ အခြားတစ်ဖက်တွင်လည်း အသံတိတ် သပိတ် ပျက်ပြယ်ရန်အတွက် စစ်တပ် ထော်ကခံပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပရန် စစ်ကောင်စီက စစ်တပ်ထောက်ခံသူများကို ညွှန်ကြားထားပြီး ပြည်သူများကို မထွက်မနေရ အမိန့်များထုတ်ပြန်နေကြောင်း သိရှိရသည်။ မန္တလေးတွင်မူ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း ဆိုင်ကယ် တစ်စီးလျှင် ၉၂ ဓာတ်ဆီ တစ်လီတာလျှင် အခမဲ့ပေးဝေမည်ဖြစ်ကြောင်း၊ ပေးဝေမည့် ဆီဆိုင် ၁၅ စာရင်းကိုလည်း စစ်ကောင်စီဘက်က ဖိအားပေးလာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article