36 C
Yangon

မူဆယ်တွင် မီးသွေးအိတ်များ ဖုံး၍ တင်လာသော စစ်တပ်၏ ဦးပိုင်ကုမ္ပဏီထုတ် ဆင်မင်း ဘိလပ်မြေ အိတ် ၅၀၀ နှင့်ကားကို သိမ်းပိုက်မီးရှို့ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်နှင့်တာလုံအကြား မီးသွေးအိတ်များ ဖုံး၍ တင်လာသော စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီထုတ် ဆင်မင်း ဘိလပ်မြေ ၅၀၀ ကို ကုန်ကားနှင့်အတူ သိမ်းပိုက် မီးရှို့လိုက်ကြောင်း မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “မော်တောင်ရွာအကျော်နား ၁၀၅ မိုင်နဲ့ တာလုံအကြားမှာ မနေ့က ညနေ ၅ နာရီ မိတာပါ။ ရွှေဗျိုင်းဖြူ ဆီဆိုင်အရှေ့မှာ ဖမ်းမိတာ။ မီးသွေးအိတ်တွေနဲ့ ဖုံးလာတယ် စစ်တပ်ထုတ် ဆင်မင်း ဘိလပ်မြေတွေကို ။ အိတ် ၅၀၀ လောက်ရှိတယ်။ ညနေ ၅ နာရီကျော်မှာ မီးရှို့လိုက်ပါတယ်” ဟု မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ မူဆယ် အပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် စစ်ကောင်စီထုတ် ဘီယာများ၊ ကုန်ပစ္စည်းများကို သယ်ယူခြင်းမပြုရန် ရောင်းချခြင်း မပြုရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကြေညာချက်များထုတ်ပြန်၍ အသိပေးထားပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article