25 C
Yangon

NCA လက်မှတ်ရေးထိုးထားသော ABSDF ကျောင်းသားတပ်မတော်က စစ်ကောင်စီတပ်များကို တိုက်ခိုက်နေပြီဟု ဥက္ကဋ္ဌ ရဲဘော်သံခဲ အတည်ပြု

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

အကြမ်းဖက်  စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီတပ်များကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားသော  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား များ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ဖွဲ့က တိုက်ခိုက်နေပြီဖြစ်ကြောင်း ABSDF  ဥက္ကဋ္ဌ ရဲဘော်သံခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။ 

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ABSDF က စစ်ကောင်စီတပ်များကို တိုက်ခိုက် တိုက်ပွဲဝင်လျက်ရှိကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောသည်။

“တိုက်နေတာပေါ့ဗျာ၊ တိုက်ပွဲက မြန်မာတနိုင်ငံလုံးမှာ အာဏာရှင်နဲ့ တိုက်ပွဲဖြစ်နေတာဆိုတော့ ကျနော်တို့ကလည်း ထိုင်နေလို့မှ မရတာ၊ နွေဦးတော် လှန်ရေး စဖြစ်လာကတည်းက ကိုပါပဲ၊ တောက် လျှောက်လုပ်ခဲ့တာပဲ” ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကိုင်းနှင့် ကချင်အစပ် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသော စစ်ကောင်စီ သင်္ဘော ၂ စီးကို ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) များနှင့် ABSDF (ကျောင်းသားတပ်) တို့က ၆၀ မမ များ၊ RPG များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကသာတော် လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားသည်။

ABSDF သည် ၈ လေးလုံး အရေးတော်ပုံမှ တဆင့် ပေါက်ဖွားလာသော ကျောင်း သားတပ်မတော် တစ်ခုဖြစ်ပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကချင် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တပ်ရင်းတပ်ဖွဲ့များရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်လျက်ရှိကြောင်း သိရှိရသည်။

Photo – ABSDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article