25 C
Yangon

မြိုင်မြို့နယ်၊ လက်ယက်မစံပြကျေးရွာတွင် အလောင်း ၃ လောင်း စစ်တပ်က မီးရှို့ထားခဲ့ပြီး ကျေးရွာတစ်ခုလုံးကို ဖျက်ဆီးသွား၊ သဒွတ်ရွာနှင့်ညောင်ပင်လယ်ရွာကိုလည်း စစ်တပ်က ဖျက်ဆီး မီးရှို့နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မစံပြကျေးရွာကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး အလောင်း ၃ လောင်းကို မီးရှို့ခဲ့ကာ တစ်ရွာလုံးကိုလည်း ဖျက်ဆီး မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

မြိုင်မြို့ နယ် လက်ယက်မစံပြကျေးရွာကို ဇန်နဝါရီလ ၁၁ ရက် နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက  ဝင်ရောက်စီးနင်း၍ လူနေအိမ်တချို့  ဖျက်ဆီးခဲ့ပြီး တန်းဖိုးကြီး ပစ္စည်းများအား ခိုးယူသွားခြင်း၊  ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်နေသော ပြည်သူများကို ဖမ်းဆီး နှိပ်စက် ခြင်း၊ သတ်ဖြတ်ခြင်းများ  ပြုလုပ်ခဲ့ကြောင်း၊ ရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ 

စစ်တပ်က  မီးရှို့ထားသော အလောင်း ၃ လောင်းအားတွေ့ရှိရပြီး ထိုအလောင်း ၃ လောင်းသည် မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ၊  ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စခစ တပ်ဖွဲ့များ ရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်း၊ ဦးကျော်ဝင်း၊ ဦးကျော်မင်းနှင့်ဦးသိန်းလွင်တို့ ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပျောက်ဆုံးနေကြောင်း သိရှိရသည်။ 

“စစ်တပ်က မီးရှို့သွားတဲ့ အလောင်း ၃ လောင်းက ဦးကျော်ဝင်း၊ ဦးကျော်မင်းနဲ့ ဦးသိန်းလွင်ဆိုတာ လည်း မသိရသေးဘူး။ ဖမ်းသွားတာလား၊ သတ်ပြီး မီးရှို့သွားတာလားလည်း မသိသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ စစ်ကောင်စီတပ်များသည် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ၊ မြိုင်နယ် ၊သဒွတ်ရွာကို  နံနက် ၈ နာရီအချိန်တွင် ဝင်ရောက်‌ပြီး မီးရှို့လျက်ရှိကြောင်း၊  သဒွတ် ရွာမှ နေအိမ် ၂၀ ကျော် မီးလောင်သွားကြောင်း၊ ထပ်မံ ၍ မွန်းတည့် ၁၂ နာရီတွင် ညောင်ပင်လယ်ရွာကို ဝင်ရောက်စီးနင်း‌ပြီး ကျေးရွာရှိ နေအိမ်များကို မီးရှို့ကြောင်း သိရှိရသည်။ 

” သဒွတ်ရွာကို မီးရှို့တာကတော့ နေအိမ် ၂၀ နဲ့ ၂၅ လုံးကြား မီးလောင်သွားတယ်။ နောက်ပြီး ညောင်ပင်လယ်ရွာကိုလည်း မီးဝင်ရှို့တယ်။ စစ်တပ်က ဝင်လာတော့ ရွာနှစ်လုံးက ပြည်သူတွေ အကုန်ထွက်ပြေးနေရတယ်။ ရွာထဲမှာ ကျန်ခဲ့တဲ့ မပြေးနိုင်တဲ့သူတွေလည်း အသတ်ခံရတယ် လို့ ကြားရတယ်။ ဘယ်သူမှ သွားမကြည့်ရဲကြသေးဘူး။ စစ်တပ်က ရွာထဲမှာပဲရှိသေးတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article