29.6 C
Yangon

လွိုင်ကော်၊ မိုင်းလုံးရပ်ကွက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၀ ဦး ထိခိုက်သေဆုံးနိုင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ စက်မှုလယ်ယာရုံးနှင့် ၁၁ ထပ် ဟိုတယ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီမှ စတင်ကာ ညနေ ၅ နာရီ ၄၅ မိနစ်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ အထမြင့်အဆောက်အဦးနှင့် နည်းပညာတက္ကသိုလ်တို့ကို အကာအကွယ်ယူပြီး ထိုးစစ်တိုက်ခိုက်လာသဖြင့် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အထိနာသော စစ်ကောင်စီတပ်သည် ဂျက်တိုက်လေယာဉ်များဖြင့် ညနေ ၅ နာရီ ၂၅ မိနစ်တွင် မိုင်းလုံးရပ်ကွက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ၅ နာရီ ခွဲခန့်တွင် လွိုင်ကော်မြို့ အနောက်ဘက်ရှိ နန်းမယ်ခုံကျေးရွာသို့ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပရဟိတလူငယ် ၃ ဦး ကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းဖြင့် တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း KNDF က ထုတ်ပြန်သည်။

အလားတူ မွန်းလွဲ ၂ နာရီခန့်တွင်လည်း ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာ ခြေကုပ်စခန်းမှ ရေခပ်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို KNDF က ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ – ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article