28 C
Yangon

မင်းအောင်လှိုင်တွင် ကိုယ်ရည်သွေးလွန်စိတ်ဝေဒနာနှင့် ဖျက်လို ဖျက်ဆီး စိတ် လက္ခဏာ ရှိနေမှု စိစစ်တွေ့ရှိရ

Must read

ရန်ကုန်၊ဖေဖော်ဝါရီ ၂၇

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ် ကောင်စီ၏ အလွတ်သဘော လျှို့ဝှက် အစည်းအဝေးတွင် မင်းအောင် လှိုင်က A 4 စာမျက်နှာ ၃၀ နီးပါး စကားများကို မရပ်မနားပြောဆိုခဲ့ပြီး ယင်း ပြောဆိုမှု များကို သက်ဆိုင်ရာ ပညာရှင်များက လေ့လာမှု စကားဝိုင်း ပြုလုပ်၍ မင်း အောင် လှိုင်၏ လက်ရှိ စိတ်အခြေအနေကို လေ့လာမှု ပြုလုပ်ကြသည်။

မင်းအောင်လှိုင်၏ လျှို့ဝှက် အစည်းအဝေးမှ မှတ်တမ်း စကားများကို လေ့လာ စိစစ်မှု ပြုလုပ် ကြရာတွင် မင်းအောင်လှိုင်တွင် ကိုယ်ရည် သွေးလွန် စိတ်ဝေဒ နာနှင့် ဖျက်လို ဖျက်ဆီး စိတ်လက္ခဏာ ရှိနေကြောင်း လေ့လာမှုများအရ ဖော် ပြနေသည်။

အာဏာရှင်တို့၏ စိတ်ဏ္ဍန် Group Discussion မှ မင်းအောင်လှိုင်၏ လက်ရှိ စိတ် အခြေအနေ စိစစ်တွေ့ရှိရမှု ကောက်နုတ်ချက် အကျဥ်းချုပ်ကို ပြည်သူ များ သိရှိနိုင်စေရန် ပြန်လည် ဖော်ပြလိုက်ပါသည်။

မင်းအောင်လှိုင် စိတ်ဂယောက်ဂယက်အခြေအနေ
============================

ကနဦးလေ့လာချက်အရ အာဏာလုလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် မင်းအောင် လှိုင်သည် ကိုယ်ရည်သွေး အထင်ကြီး လွန်ခြင်း စိတ်ဂယောက် ဂယက်အခြေအနေ (Narcissistic Personality Disorder – NPD) ရှိသည်။

ထိုစိတ်ဝေဒနာအခြေအနေ၏ လက္ခဏာများမှာ

– မိမိသည်သာ အရေးအကြီးဆုံးဟု ထင်ခြင်း
– မိမိစွမ်းဆောင်ရည်နှင့် အောင်မြင်မှုသာအမြင့်မားဆုံးဖြစ်သည်ဟုထင်ခြင်း
– မိမိသာ အထူးအရေးပါသည်ဟုထင်ခြင်း

တို့ဖြစ်သည်။

အသိအမှတ်ပြုမခံရခြင်း စိတ်ဖိစီးဝေဒနာ
=======================

သူတို့၏ စိတ်ဝေဒနာမှာ မိမိသည် အရေးအကြီးဆုံး၊ အတော်ဆုံး ဖြစ်သော် လည်း အခြားသူများက မိမိအား အသိအမှတ်မပြုကြဘူးဟု ထင်မြင် ခြင်း ဖြစ် သည်။ ထိုအချက်သည်သူတို့ကို စိတ်ဖိစီးစေသည်။ မည်မျှချီးမွမ်း ပါစေ မရောင့် ရဲမတင်းတိမ်နိုင်သဖြင့် ပျော်ရွှင်ကျေနပ်မှုမရနိုင်ဘဲ အတင်းထပ် ကြိုး စားတတ် ကြသည်။

အခြားသူများကို သေးသိမ်အောင်၊ ဖိနှိပ်ညှိုးငယ်အောင်လုပ်ခြင်းဖြင့် သူတို့ ကိုယ် သူတို့ ကြီးမြတ်ကြောင်း၊ အောင်မြင်ကြောင်း၊ တော် ကြောင်း တတ် ကြောင်း၊ အကောင်းဆုံးဖြစ်ကြောင်း မဟားဒယား အမွန်းတင်ကြသည်။ တနည်း အားဖြင့် ဆိုရလျှင် အကြွားသန်ကြသည်။

စစ်ကောင်စီဘက်မှ ပေါက်ကြားလာသော လျှို့ဝှက်အစည်းအဝေးမှတ်တမ်းမှ အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် မင်း အောင်လှိုင်၏ အဖွင့်မိန့်ခွန်း သည် သက်သေတခုဖြစ်သည်။

ဥပမာ – ပြည်ထောင်စုနေ့အခမ်းအနား ကျင်း ပ နိုင်ခြင်းအား အလွန်အမင်း ဂုဏ်ဆာသည့်လေသံဖြင့် အသေးစိပ် ရှည်လျားစွာပြောဆိုခြင်းသည် သူ၏ မူမမှန် သော စိတ်အခြေအနေကို ထောက်ပြနေသည်။

MRTV နှစ်ပတ်လည်အခမ်းအနား ကိစ္စသည်လည်း ထိုနည်း လည်းကောင်းပင်။ သူက MRTV နှစ်ပတ်လည်အခမ်းအနားအား လက်ခုပ်တီးအား ပေးရမည့် အဆင့် လောက် သာ ထင်မှတ်ထားသော်လည်း ပြန်/ဆက် ၀န်က ချီးမြှောက် ပေးပါရန် ဖိတ်ကြားသဖြင့် တက်ရောက်ဆင် နွဲခွင့်ရခဲ့ ကြောင်း၊ သို့သော် ပြ ခန်းကို ကျေနပ်မှုမရှိသဖြင့် ရံပုံငွေရှာပေးကြောင်း၊ တလအတွင်း ပြခန်း ဆောက် လုပ်ရေးစ တင်ပြင်ဆင်နိုင်ကြောင်း မိမိကိုယ်မိမိ အသေးစိတ် ချီးမွမ်း ခန်းဖွင့်သည်။

ငါသာအသိ၊ ငါသာအတတ်နှင့် တလမ်းမောင်း Monologue စကား
=======================================

မိမိသည်သာ ခမ်းနားကြီးကျယ်သည်ဟု အထင်ကြီးလွန်းခြင်းကြောင့် တပါး သူကို အထင်သေးပြီး အသိအ မှတ်မပြုနိုင်၊ လက်မခံနိုင်၊ မစာနာ နိုင်ဖြစ် တတ်သည်။

ထို့ကြောင့် အခြားသူများ၏ လုပ်ရပ်များအပေါ် အကောင်း မြင်စိတ်မရှိဘဲ ငါသာသိ၊ ငါသာတတ်ဟု ထင်တတ်ကြသဖြင့် နေရာတကာ အထက် စည်းမှ နေ၍ ဆရာလုပ်တတ် ကြသည်။

သူတို့သည် တပါးလူကို အထင်သေးသဖြင့် အဖက်လုပ် ဆွေးနွေး တိုင်ပင် ခြင်းမပြု။ တဦးတည်းသာ တလမ်းမောင်းစကားပြောတတ်ကြသည်။ မင်းအောင် လှိုင်၏ ရှည်လျားလှသော အဖွင့်အမှာစကား၏ Monologue က သက်သေဖြစ်သည်။

အစည်းအ၀ေးမှတ်တမ်းပါ MRTV အခမ်းအနားကိစ္စ ၊ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး ကိစ္စများအကြောင်း ပြောရာတွင် မလိုအပ်သည့် အသေးစိတ် များပြောခြင်းနှင့် ချင်းပြည်နယ်၊ က ယားပြည်နယ်နှင့် ကရင်ပြည် နယ် အကြောင်း အရာအပေါ် မိမိကိုယ်မိမိ ကယ်တင်ရှင်ပုံစံဖြင့် ပြောသည့် Monologue သည် NPD များဖြစ်သည်။

မတရားခံရခြင်းဟုထင်မှတ်ခြင်း
==================

NPD စိတ်ဝေဒနာ ခံစားရသူများသည် သူတို့ကိုယ်သူတို့ ကယ်တင်ရှင်၊ အတော် ဆုံး၊ အတတ်ဆုံး၊ အအောင်မြင် ဆုံး၊ အင်အားအရှိဆုံးဟု ထင်သော်လည်း တချိန် တည်းတွင် သူတပါးမတရားလုပ်တာ ခံနေရသည်ဟု ထင်ကြ သည်။

လက်ရှိမြန်မာပြည်အခြေအနေအား သူအာဏာလုပြီး အကြမ်းဖက်ခြင်း ကြောင့် ဖြစ်လာ သည်ဟု မမြင်ဘဲ မဲလိမ်ခံရခြင်းကြောင့်လည်းကောင်း၊ ကျောင်းများ မဖွင့်နိုင်ခြင်းမှာ တော်လှန်ရေးအဖွဲ့များ ခြိမ်းခြောက်ခြင်း ကြောင့်ဟု လည်း ကောင်းမြင်သည်။

သူ့အာဏာလောဘကြောင့်ဟု တနိုင်ငံလုံး ကိစ္စခံစားနေရသည်ကို မမြင်နိုင် ဘဲ သူသည်သာ မဲလိမ်ခံ၊ နှောင့်ယှက်ခံနေရသည်ဟု နားလည်မှားနေသည်။

ထို့ကြောင့် သူ့၏ မိမိကိုယ် မိမိ ချီးမွမ်း ခန်းဖွင့်သည့် မိန့်ခွန်းက ထောက်ပြ နေသည့်အချက်မှာ မင်းအောင်လှိုင်၏ လက္ခဏာမှာ စိတ်မူမှန်သည့်၊ စွမ်းအင် ထက်မြက်သည့် ခေါင်းဆောင်သည့် လက္ခဏာမဟုတ်ဘဲ မိမိကိုယ်မိမိ အားမလို အား မ ရဖြစ်သော၊ စိတ်ချ ယုံ ကြည်မှုမရှိသော၊ အားအင်ချိနဲ့သော (Insecure person) လူ၏ လက္ခဏာဖြစ်သည်။

Anxiety disorder ခေါ် စိတ်ပူပန်မတည်ငြိမ်၀ေဒနာ ရှိသူ၏ လက္ခဏာ ဖြစ်သည်။ သူ့ကိုယ်သူ မယုံကြည်ဘဲ စိတ်ပူပန် နေသဖြင့် သူ့ပုံရိပ် ကို အတင်းတည်ဆောက်ရန် ကြွားဝါနေခြင်းဖြစ်သည်။

ခေါင်းဆောင်တဦး၏ အစည်းအ‌ေးအဖွင့်မိန့်ခွန်းအစား သူငယ်ပြန်နေသူတဦး အထိန်းအကွပ်မဲ့ ကြွားလုံးထုတ်နေသကဲ့သို့ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရ သည်။

ထိုနည်းတူ သူ့ကို ဝိုင်းဆဲကြသည်ဟု မိန့်ခွန်းထဲ ထည့်ပြောခြင်းသည် လည်း ကောင်း၊ ပညာရှင်များအား လူပိန်း နားလည်နည်း ဖြင့်ရေးရန် အကြံပြု သည့် အချက်ကို ပြောသည့် အသုံးအနှုန်းများသည်လည်းကောင်း၊ ဘိလပ်မြေ ရှားပါး သည့် အကြောင်းအရာနှင့် မှိုင်းရှူးတွင် တိုင်းရင်းသား အိမ်တစ်အိမ် အတွင်း သူ ခလုတ် တိုက်မိကြောင်း ပြောပုံဆိုပုံ စသည်တို့သည် စိတ်မူမှန်သည့် ခေါင်း ဆောင် ၏ စကားလက္ခဏာများ မဟုတ်ပေ။

ဖျက်လိုဖျက်ဆီးစိတ်လက္ခဏာ
===================

NPD ခံစားနေရသည့် လူများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အချက်မှာ သူတို့၏ ချို့ယွင်းမှုတခုခုကြောင့် အခြား သူ များ၏ ဖယ်ကျဥ်ခြင်းကို ငယ်ဘ၀ ကတည်း က ခံစားခဲ့ရသည့် အခံဓာတ်ရှိတတ်ကြသည်။ ဥပမာအားဖြင့် အရပ်အ မောင်း လူ၀င် မဆံ့ ဖြစ်တတ် ကြသည်။

ထို့ကြောင့် မသိစိတ်တွင် လူတွေကို မုန်းသည့်စိတ်၊ မနာလိုသည့်စိတ် ရှိသည်။

တချိန်တည်းတွင် အခြားသူများ၏ အသိအမှတ်ပြုမှုနှင့် အာရုံစိုက်မှုကို လွန်ကဲ စွာလိုချင်ကြသည့် အတွက် သာမာန်အတိုင်းအတာ ထက် လွန်ကဲသည့် ကိစ္စများ၊ အစွန်းရောက် ကိစ္စများကို လုပ်ပြတတ်ပြသည် (မင်းအောင်လှိုင်၏ ဘာမဆိုလုပ်ရဲတယ်ဆိုသည့် မှတ်ချက်သည် သာဓကတခုဖြစ်သည်)။

ငယ်ဘ၀ ဖယ်ကျဥ်ခံရသည့် အတွေ့အကြုံ သည် မသိစိတ်တွင် ခိုအောင်းနေပြီး ထိုပြသနာနှင့် ပတ်သက်သည့် စိတ်ဆိုးမှုမပျောက်ဘဲ အခြားလူများအား ရန် ငြိုးထားခြင်း (ရန်သူဟု မြင်ခြင်း)နှင့် လူတွေရဲ့ အာရုံစူးစိုက်မှုရရှိရန် သာမာန် ထက်လွန်ကဲသော (အစွန်း ရောက်) ကိစ္စများ လုပ်တတ်ခြင်းတို့ကြောင့် NPD ရှိသူများသည် ဖျက်လို ဖျက်ဆီးကိစ္စများ ကျူးလွန်တတ်သည်။

ထို့ ကြောင့် မင်းအောင်လှိုင်၏ မိမိကိုယ်မိမိအထင် ကြီးလွန်သည့် စိတ်ဂ ယောက် ဂယက် အခြေအနေသည် ဖျက်လို ဖျက်ဆီးတတ်သည့်စရိုက်နှင့် ဒွန်တွဲနေသဖြင့် သူကိုယ်တိုင်အတွက် လည်းကောင်း၊ စစ်တပ်အတွက်လည်း ကောင်း၊ တိုင်းပြည်အတွက်လည်းကောင်း ပျက်စီးစေမည်သာဖြစ်သည်။

ဓာတ်ပုံ- ပြည်တွင်းခရီးစဉ်တစ်ခုအတွင်းတွင် နေဝင်ချိန်ကို နောက်ခံထား၍ ဓာတ်ပုံရိုက်ခံ နေသော အကြမ်းဖက် စိတ်ဝေဒနာရှင် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article