33 C
Yangon

ရန်ကုန်နှင့်မန္တလေးတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ၊ လေတပ် ပိုင်းလော့ ဗိုလ်ကြီးပြည့်ဖြိုးကျော်အိမ် ဗုံးကွဲပြီး ဗိုလ်မှူးကြီးအောင်မျိုးကျော်အိမ် လုံခြုံရေးတင်းကျပ်ထားရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရန်ကုန်နှင့်မန္တလေးတွင် ယမန်နေ့ ဗုံးများပေါက်ကွဲပြီး ရန်ကုန်တွင် လေတပ်မှ ဗိုလ်ကြီးပြည့်ဖြိုးကျော်အိမ်ဗုံးကွဲကြောင်း၊ မကြာသေးမီက ဗုံးပေါက်ကွဲခဲ့သော လေတပ်မှ အရာရှိ ဗိုလ်မှူးကြီးအောင်မျိုးကျော်အိမ် ဗုံးခွဲရမည်ဆိုသော သတင်းများကြောင့် လုံခြုံရေး တင်းကျပ်ထားကြောင်း ဒေသကာကွယ်ရေးတပ်များနှင့်ဒေ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်၊ သစ္စာလမ်း၊ မ/၇၅၉(က) ရှိ ဗိုလ်ကြီးပြည့်ဖြိုးကျော်အိမ်ကို ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်တိုင်း PDF သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

တောင်ဒဂုံဒေသခံတစ်ဦးက “ဖြစ်တာက မနေ့ မနက် ၇ နာရီ ၄၀ လောက်မှာ ဖြစ်တာ။ သစ္စာလမ်းနဲ့ လေးကျွန်းဇမ္ဗုလမ်းထောင့် အသုပ်ဆိုင်ကို ဆိုင်ကယ်နဲ့ လက်ပစ်ဗုံး လာပစ်သွားတယ်။ မိန်းမတစ်ဦး ဒဏ်ရာရတယ်။ ပြီးတော့ လမ်းတွေ ပိတ်ပြီး စစ်တယ်” ဟု ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် ဥက္ကာ ၅ လမ်းတွင် နေထိုင်သော လေ တပ် ဗိုလ်မှူးကြီး အောင်မျိုးကျော်နေအိမ်ကိုလည်း ဗုံးခွဲမည်ဆိုသော သတင်းများကြောင့် လုံခြုံ ရေး တင်းကျပ်ကြောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဗုံးခွဲခံရကြောင်း မြောက်ဥက္ကလာပသတင်းရင်းမြစ် North Okkalapa Information က ပြောသည်။

“ဥက္ကာ ၅ လမ်းထဲမှာ လေတပ် အရာရှိနေတာ အရင်တုန်းက မသိဘူး။ ၃ ရက်နေ့က ဗုံးခွဲပြီးမှ လိုင်းပေါ်မှာ အဲဒါ လေတပ်အရာရှိအိမ်ဆိုတာ သိတာ။ ၃ ရက်နေ့က ဗုံးကွဲတာလည်း မှားခွဲတယ်ဆိုလားကြားလိုက်တယ်။ အဲဒါကြောင့် ပြန်လာပြီး ဗုံးခွဲမယ်ဆိုပြီး သတင်းတွေကြားရတာ။ ရပ်ကွက်ထဲမှာ အရပ်ဝတ်ရော ယူနီဖောင်းနဲ့ ရဲနဲ့ စစ်သားတွေ ပတ်နေတာ ဟုတ်တယ်။ ဧည့်စာရင်းလည်း တိုင်ဖို့ ရယကတွေက လာပြောတယ်” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၇ နာရီအချိန်တွင် လှိုင်သာယာမြို့မရဲစခန်းကို ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ၊ အာဏာရှင်တပ်ဦးတော်လှန်ရေး Dictator Revolt Front (D.R.F)က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီလမ်းမကြီး၊ သီရိရတနာ ဌ စျေးတွင် ယမန်နေ့ နံနက် ၇ နာရီ ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၆ ရက်၊ နံနက် (၉:၅၄) နာရီတွင် Dragon Warrior အဖွဲ့နှင့် Mandalay Special Task Force (MSTF) အဖွဲ့တို့ပူးပေါင်း၍ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်း၊ ဆည်မြောင်းရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article