39 C
Yangon

ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသူ(သို့မဟုတ်) ဒီမိုကရေစီဟု တဖွဖွပြောနေသော စစ်အာဏာရှင် ဖက်ဆစ် အယုတ်တမာ အာဏာရူး မင်းအောင်လှိုင်

Must read

By ရန်ကုန်ခေတ်သစ်

ဖေဖော်ဝါရီလ ၁ ရက်နေ့သည် အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို အတင်းအကျပ် လုယူ သိမ်းပိုက်ခဲ့သည်မှာ ၁ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ဒီမိုကရေစီနှင့် မကိုက်ညီ၍ မဲမသမာမှု ရှိ၍ အာဏာသိမ်းသည်ဟု မည်သို့ ပင် အကြောင်းပြစေကာမူ တစ်နှစ်အတွင်းတွင် နိုင်ငံတော်သည် ဒီမိုကရေစီဟူ၍ ဆံခြည်မျှပင် ရှာမရတော့သည့်အခြေအနေပင် ။

တစ်နှစ်အတွင်းနိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေး ၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍပေါင်းစုံနှင့်နယ်ပယ်ပေါင်းစုံတွင် အရှိန်အဟုန်ဖြင့် ပြိုကျသွားသည်။

စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများ ရက်စက်စွာပင် လမ်းမများပေါ်တွင် ဦးခေါင်းတည့်တည့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြသည်။ စစ်ကြောရေးများတွင် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ ပြည်သူများကို စစ်တပ် သတ်ဖြတ်သည်။ သောင်းနှင့်ချီသော အပြစ်မဲ့ ပြည်သူများကို မတရားဖမ်းဆီး ဥပဒေမဲ့ ပြုကျင့် နေကြသည်။

ဒီမိုကရေစီဟု မင်းအောင်လှိုင် ပါးစပ်က မည်သို့ပင်အော်စေကာမူ လက်တွေ့တွင်ကား ဖက်ဆစ် စရိုက် အပြည့်ဖြင့် ဥပဒေမဲ့ အကြောင်းမဲ့ ပြည်သူကို ရိုက်နှက် သတ်ဖြတ်မှုများ တစ်နိုင်ငံလုံးတွင် မြင်တွေ့နေရသည်။ စစ်တပ်ကို ဆန့်ကျင်သူမှန်သမျှကို ဥပဒေမဲ့ သတ်ဖြတ်ခြင်းဖြင့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လျက်ရှိသည်။

ဖက်ဆစ်ဂျပန်က မွေးဖွားလိုက်သော မြန်မာစစ်တပ်သည် နှစ်ပေါင်း ၇၀ ကျော်ကြာလာသည်အထိ ဖက်ဆစ် စရိုက်မပျောက်ဘဲ မင်းအောင်လှိုင်တွင်လည်း ဖက်ဆစ်သွေးအပြည့်ပါနေသည်။ အာဏာရူး မင်းအောင်လှိုင်သည် ဒီမိုကရေစီဟု အော်ကာ လက်နက်အားကိုးဖြင့် အာဏာသိမ်းပြီး တိုင်းပြည်ကို ချောက်ထဲသို့ ဆွဲချခဲ့ပြီဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ နေပြည်တော် ကဲ့သို့သော မြို့ကြီးများတွင်သာမက မြန်မာနိုင်ငံတစ်ဝန်း မည်သည့်နေရာတွင်မှ လူထုဘ၀က မလုံခြုံတော့ပေ။ ပြည်သူများအနေဖြင့် အချိန်မရွေး စစ်တပ်၏ ပစ်သတ်ခြင်းကို ခံရနိုင်သည်။ စစ်တပ်၏ ရိုက်နှက်မှု ခံရနိုင်သည်။ စစ်သားများ၏ဆဲဆိုမှု ခံရနိုင်သည်။ ဖက်ဆစ်စစ်တပ်၏ အနိုင်ကျင့်မှုကိုလည်းခံရနိုင်သည်။ ခံလည်း ခံနေကြရသည်။

စစ်တပ်သည် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်သည်။ လွတ်လပ်စွာ စုဝေးခွင့်ကို ပိတ်ပင်သည်။ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်သည်။ လွတ်လပ်စွာ စီးပွားရေးလုပ်ပိုင်ခွင့်ကိုလည်း ပိတ်ပင်သည်။ လွတ်လပ်စွာ မိမိ၏ဆန္ဒအရ နေထိုင်မှုများကိုလည်း ပိတ်ပင်သည်။ စစ်တပ်၏ လက်အောက်တွင် ၁ နှစ်အတွင်း ပြည်သူများသည် စစ်တပ်၏ လက်နက်အားကိုး အလုံးစုံ ဖိနှိပ်မှုများကို ကြုံတွေ့နေရသည်။

မိမိ၏ ကိုင်ပိုင်အိမ်တွင်နေသူများလည်း မလုံခြုံတော့။ မိမိ၏ တစ်ကိုယ်ရေသုံး လက်ကိုင်ဖုန်းကိုပင်လျှင် စစ်သားနှင့်ရဲက တောင်းယူ စစ်ဆေးပြီး မကျေနပ်လျှင် ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ပိုင်နေသည်။ မင်းအောင်လှိုင်ကိုယ်တိုင်က လည်း မြန်မာပြည်သူများကို လူမှုကွန်ရက်အသုံးပြုမှု ပိတ်ပင်ပြီး ကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်ရန် ကြိုးစားနေသည်။ လူမှုကွန်ရက်အသုံးပြုနိုင်သော VPN ဆော့ဝဲကို ပိတ်ပင်ရန် ဥပဒေပြဋ္ဌာန်းရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံကဲ့သို့ အလုံးစုံ အမှောင်ချရန် မင်းအောင်လှိုင်က ကြိုးပမ်းနေသည်။ မင်းအောင်လှိုင်သည် အာဏာအလွန်ရူးလွန်းလှသည်။ ကိုဗစ်ကပ်ရောဂါ၊ အာဏာသိမ်းမှုကြောင့် ထိုးကျနေသော စီးပွားရေး အခြေအနေများရှိနေလင့်ကစား ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သိန်းပေါင်း ဘီလီယံချီ သုံး၍ ဗိုလ်ရှုခံရန် ပြင်ဆင်သည်။

သမ္မတရူး အာဏာရူး မင်းအောင်လှိုင်သည် စတင်အာဏာသိမ်းချိန်က လျှပ်စစ်ရထား၊ လျှပ်စစ်ကား၊ မြေအောက်ရထား၊ မြေအောက်လမ်းများ ဖော်ဆောင်မည်ဟု ပြောဆိုခဲ့သော်လည်း ၁ နှစ်အကြာ လျှပ်စစ်မီး ပင် မှန်မှန်မရတော့ပေ။

မြန်မာကျပ်ငွေသည် အမေရိကန်ဒေါ်လာလျှင် နှိုင်းယှဉ်လျှင် ၁ ဒေါ်လာ ၂၀၀၀ ဝန်းကျင်တွင် ရောက်ရှိနေ သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ကုမ္ပဏီတစ်ခုပြီး တစ်ခု ထွက်ခွာနေကြသည်။ ကိုဗစ်တတိယလှိုင်းတွင် နေ့စဉ် လူဦးရေ ထောင်ချီ၊ သောင်းချီ၍ သေခဲ့ရသည်။ အလုပ်အကိုင်မဲ့ လူဦးရေ သန်းချီရှိပြီး ငတ်မွတ်ခေါင်းပါးနေသည့် ပြည်သူအရေအတွက်မှာလည်း ၁၀ သန်းကျော်ရှိလာကြောင်း ကုလသမဂ္ဂ၏ ကိန်းဂဏန်းအချက်အလက်များက ဆိုသည်။

အာဏာသိမ်း တစ်နှစ်တာကာလအတွင်း နိုင်ငံတော်ကို ဆယ်စုနှစ် ၂ ခုစာမျှ ဆုတ်ယုတ် နောက်ကျသွားအောင် မင်းအောင်လှိုင်က ဆွဲချသွားခဲ့သည်။ စစ်တပ်အလိုကျ နိုင်ငံရေးပါတီများ အနိုင်မရခဲ့သော ရွေးကော က်ပွဲများအတွက် အချိုးကျကိုယ်စားပြုစနစ်ဆိုသော ၎င်းတို့ စစ်တပ် အသာစီးရရေး စနစ်ကို အကောင် အထည်ဖော်ရန် လုပ်ဆောင်နေသည်။

မင်းအောင်လှိုင်သည် ဒီမိုကရေစီနှင့်မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့သည်ဟုဆိုသော်လည်း လက်ရှိတွင် နိုင်ငံတော်တွင် မည်သည့်ဒီမိုကရေစီမှ မရှိတော့။ မင်းအောင်လှိုင်နှင့်စစ်တပ်အပေါ် ပြည်သူများ၏နာကျဉ်းမှု၊ မုန်းတီးမှုများ ကြီးထွားလာပြီး စစ်တပ်၏ လူမဆန်မှုများအောက်တွင် လူထု၏မျက်ရည်၊ သွေး၊ ဘ၀များစွာ ပေးဆပ်နေကြရသည်။

၁ နှစ်ပြည့်ပြီးသော်လည်း အာဏာရူး မင်းအောင်လှိုင်သည် နောင်တမရဘဲ ရှေ့ဆက်၍ မိုက်မဲရန် ကြိုးပမ်းနေသည်။ ဆိတ်ခေါင်းချိတ်၍ ခွေးသား ဆက်ရောင်းနေသည်။ မြန်မာနိုင်ငံကို ဖက်ဆစ်သွေးအပြည့်ဖြင့် ဆက်လက် အုပ်ချုပ်ရန် စီစဉ်နေသည်။ အယုတ်တမာ မင်းအောင်လှိုင်ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ် သည် သွေးစွန်းနေဦးမည်ဖြစ်သည်။

ဖက်ဆစ် မင်းအောင်လှိုင်နှင့် ဖက်ဆစ် စစ်တပ် မပျက်စီးသရွေ့ ကာလပတ်လုံး နိုင်ငံတော်နှင့်လူထုမှာ ဒုက္ခဆင်းရဲတွင်းထဲတွင် အသက်များစွာ သေကြေပျက်စီးရမည်မှာ ဧကန်ပင်ဖြစ်သည်။

Image- Yangon design

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article