25 C
Yangon

ပဲခူး နန်းတော်ရာရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်က ကလေးမွေးရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်သည် မချစ်ချစ်ထွန်းကို ပစ်သတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ပဲခူးတိုင်း နန်းတော်ရာရပ်ကွက် အင်းဝင် ၁၀ လမ်းထိပ်တွင် ကလေးမွေးရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်သည် အသက် ၂၃နှစ်အရွယ် မချစ်ချစ်ထွန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စစ်တပ် ပစ်သတ်ခဲ့သည့် ကိုယ်ဝန်ဆောင်သည် မချစ်ချစ်ထွန်းသည် အင်းဝင် ၁၀ လမ်းထိပ်တွင် ပင်လယ်စာနှင့် အကင်ဆိုင် ဖွင့်လှစ်ထားသူဖြစ်ပြီး အဆိုပါ ဆိုင်ရှေ့၌ပင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ” အင်းဝင် ၁၀လမ်းထိပ်မှာ ကိုယ်ဝန်ဆေင်သည် တစ်ဦး ပစ်သတ်ခံရတယ်။ သူပစ်ခံရတဲ့ နေရာနဲ့ တစ်လမ်းကျော်သာ ကွာတဲ့ ရွှေဘုန်းမြင့် ဘုန်းကြီးကျောင်းမှာ စစ်တပ်က တပ်စွဲထားတယ်။ အဲလို ပစ်ခတ်သံ ကြားတာတောင် စစ်တပ်က လာပြီး စစ်ဆေးတာတွေ မလုပ်ဘူး။ အဲဒီ ရွှေဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က အကြောင်းမဲ့ ခဏခဏ ပစ်ခတ်လေ့ရှိတယ်။ ဗုံးပေါက်သံကြားရင် အနီးပတ်ဝန်းကျင်ကို ပစ်ခတ်ပါတယ်။ သေဆုံးသူ အမျိုးသမီးက ကောင်းရောင်းကောင်းဝယ် လုပ်စားသူပါ။ နိုင်ငံရေးတွေ ဘာတွေလည်း ပတ်သက်တာတွေလည်းမရှိဘူး။ ဒေသ ပျောက်ကျားတွေ ပစ်ခတ်ရင်လည်း ချက်ခြင်းမိမဲ့ နေရာကြီး စစ်တပ်ရှိနေတာကို ကျော်ပြီး လာဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ အဆိုပါ ကိုယ်ဝန်ဆောင်သည် မချစ်ချစ်ထွန်း ပစ်ခတ်ခံရသော အချိန်သည် အများပြည်သူ လမ်းသွားလမ်းလာ မရှိတော့သည့် ညမထွက်ရ ထုတ်ပြန်ထားသည့် အချိန် နီးကပ်နေချိန်ဖြစ်ပြီး ဘယ်ဘက်ရင်အုံကို သေနတ်ကျည် ထိမှန်ကာ ဆေးရုံ၌သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article