25 C
Yangon

တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ပစ်ခတ်၍ တပ်ထောက်ခံသူ ၂ ဦး သေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

စစ်ကောင်စီ လက်အောက်ခံများ၏ လိုက်လံပစ်ခတ်မှုကြောင့် ထောက်ခံပွဲတွင် ပါဝင်သူ (၂)ဦးသေဆုံးပြီး ပစ်ခတ် ဗုံးကွဲခြင်းကြောင့် စစ်မှူထမ်းဟောင်းများ အပါအဝင် (၃၅)ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်ယနေ့ မွန်းတည့် ၁၂ နာရီ အချိန် စစ်တပ်ထောက်ခံပွဲ လုပ်နေစဉ် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ရမ်းကားပစ်ခတ်သဖြင့် တပ်ထောက်ခံသူ ၂ ဦး သေဆုံး‌ပြီး လူ ၃၀ ကျော်ဒဏ်ရာရရှိကြောင်း မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “ကျည်ထိပြီး ဆုံးတာက လူအုပ်ထဲက သူတို့လူတွေ သေတာ ။ ၃၀ ကျော်ဒဏ်ရာရတာက လမ်းသွားလမ်းလာတွေရော စစ်တပ်ထောက်ခံပွဲက လူတွေရော ဖြစ်တာ။ ပစ်တာက အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူနေတဲ့ စစ်တပ်က ပစ်တာ။ အခုတော့ တစ်မြို့လုံး အပြင်မထွက်ရဲကြဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်က အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဗုံးကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် နှင့်ရဲတို့က ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် ပြည်သူ ထိခိုက်/သေဆုံးမှုများရှိကြောင်း၊ အပြင်ထွက်လာသည့် လူငယ်မှန်သမှန်ကို ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်/သေဆုံးသူများကို လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း၊ ထိခိုက် သေဆုံးမှု အရေအတွက် မသိရသေးကြောင်း မြို့ခံများက ပြောဆိုကြသည်။ဓာတ်ပုံ- ယနေ့ပစ်ခတ်မှုအပြီး ဒဏ်ရာရရှိသူနှင့်သေဆုံးသူများ လဲကျနေစဉ်။
Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article