25 C
Yangon

မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှု အပေါ် NLD အစိုးရ ကန့်ကွက်ခဲ့မှု NUG အစိုးရ ပြန်လည် ရုပ်သိမ်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုမှု အပေါ် NLD အစိုးရလက်ထက်က ကန့် ကွက်ခဲ့မှုကို NUG အစိုးရက ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဂမ်ဘီယာနှင့် မြန်မာနိုင်ငံအမှုတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ မြန်မာနိုင်ငံအား ကိုယ်စားပြုမှုဆိုင်ရာ မိမိတို့၏ အခွင့်အရေးကို အတည်ပြုနိုင်ရန် ကြိုးစားဆောင်ရွက်လျှက် ရှိကြောင်း ၊စစ်တပ်အား မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အနေဖြင့် အပြည်ပြည်ဆိုင်ရာတရား ရုံးတွင် လက်ခံမည်ဆိုပါက ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ရပ်တည်ချက်သဘောထားများနှင့် ညီညွတ်မှုမရှိပဲ အန္တရာယ်ရှိသော အစဉ်အလာ တစ်ရပ်ကို ချမှတ်ပေးသကဲ့သို့ ဖြစ်နိုင်ကြောင်း NUG က ထုတ်ပြန်သည်။ မြန်မာနိုင်ငံ၏ တရားရုံးဆိုင်ရာ ကိုယ်စားလှယ် (agent) နှင့် ကိုယ်ခွဲကိုယ် စားလှယ် (Alternate agent) တို့ကို စစ်တပ်က တရားဥပဒေနှင့် အညီမဟုတ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် မြန်မာနိုင်ငံကိုယ်စား တရားရုံးနှင့် ဆက်သွယ်ဆောင်ရွက်မည့် တစ်ဦးတည်းသော တာဝန်ရှိသူ ဖြစ်ပြီး ကိုယ်စားပြု ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ် (acting alternate agent) ဖြစ်ကြောင်း သံအမတ်ကြီးမှတဆင့် တရားရုံးသို့ ဆက်သွယ်အသိပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှတဆင့် မြန်မာနိုင်ငံ အနေဖြင့် ကနဦးကန့်ကွက်ချက် (preliminary objection) အား ပြန်လည်ရုပ်သိမ်းပြီး တရားရုံး၏ တရားစီရင်မှု အခွင့်အာဏာကို လက်ခံကြောင်း တရားရုံးသို့ အကြောင်းပြန်ခဲ့ပြီး ဖြစ်‌ကြောင်း သိရှိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်တပ်၏ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုများ အပေါ် တာဝန်ယူ၊ တာဝန်ခံမှု၏ အရေးကြီးပုံကို ထပ်ခါတလဲလဲ အလေးထားဖေါ်ပြခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အား အချက်အလက်များ စုဆောင်း ကောက်ယူ ပေးပို့ခြင်းနှင့် ၂၀၀၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ ရောမစာချုပ် (Rome Statute) အရ အကျုံးဝင်သော မြန်မာပြည်အတွင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအားလုံးအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစီရင်မှု အခွင့်အာဏာကို လက်ခံခွင့်ပြုခြင်း အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တာဝန်ယူ၊ တာဝန်ခံမှုတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း NUG ထုတ်ပြန်ချက်က ဆိုသည်။ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အား တရားရုံးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် လက်ခံကြောင်း ရှင်းလင်းပြောကြား ပေးပါရန် အပြည်ပြည်ဆိုင်ရာ တရားရုံးအား တောင်းဆိုအပ်ကြောင်း NUG ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article