25 C
Yangon

မိုးညှင်းမြို့နယ်၊ မော်ဟန်ရဲကင်းစခန်းကို KIA နှင့် PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့၊ ရဲ ၂ ဦး သေဆုံးပြီး တချို့အရှင်ဖမ်းမိကာ လက်နက်နှင့်ခဲယမ်းများပါ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာရှိ ရဲကင်းစခန်းကို ယနေ့ နံနက် ၃ နာရီခွဲ အချိန်တွင် KIA တပ်ရင်း ၃၅ နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မီးရှို့ ရှင်းလင်းလိုက်ကြောင်း PDF သတင်း ရင်းမြစ် များ ထံမှ သိရှိရသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲမှ နံနက် ၄ နာရီခွဲအချိန်အထိ KIA ရင်း ၃၅ နှင့် PDF ပူးပေါင်းတပ်များက မိုးညှင်းမြို့နယ် မော်ဟန် ရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ရဲ ၂ ဦး သေဆုံးပြီး အရှင် ဖမ်း မိသူတချို့လည်းရှိကြောင်း၊ လက်နက်နှင့်ခဲယမ်းအများအပြား သိမ်း ဆည်း ရမိပြီးနောက် ရဲကင်းစခန်းမီးရှို့ ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။”မနက်အစောကြီး မော်ဟန် ရဲစခန်း နဲ့ ဆယ်မိုင်တပ်ကြားမှာ လက်နက် ကြီး ပစ်သံတွေရော၊ လက်နက်ငယ် ပစ်သံတွေရော ဆူညံနေတာ။ အဲဒါ လိုင်း ပေါ် တက်ကြည့်တော့မှ မော်ဟန်ရဲစခန်း သိမ်းလိုက်ပြီ တွေ့ရတယ်။ အခု လေ ယာဉ် သံကြားနေရတယ်” ဟု မော်ဟန်ကျေးရွာပတ်ဝန်းကျင်အနီး နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။ မိုးညှင်းသတင်းရင်းမြစ်တစ်ခုကမူ မကြာမီ မော်ရဲကင်းစခန်း တိုက်ခိုက် သိမ်းပိုက်မှု ဖြစ်စဉ်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ဓာတ်ပုံ-မိုးညှင်းရဲစခန်း ဆိုင်းဘုတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article