25 C
Yangon

ကနီ ကင်းစံပြကျေးရွာသား ကိုချမ်းသာကို စစ်တပ်က လည်ပင်းကို ဓားဖြင့် ခုတ်သတ်ပြီး အလောင်းကို ချင်းတွင်းမြစ်ထဲ ကန်ချခဲ့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းစံပြကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အသက် ၂၅နှစ် အရွယ် ကိုဆင်ပေါက် (ခ) ကိုချမ်းသာအား လည်ပင်းကို ဓားဖြင့် ခုတ်သတ်ပြီး အလောင်းကို ချင်းတွင်းမြစ်ထဲ ကန်ချခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော Independence Army – IAထံမှ သိရသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကင်းစံပြကျေးရွာသား ပြည်သူ ၇ဦးကို ဇန်နဝါရီလ ၃၁ရက်နေ့တွင် အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ကိုချမ်းသာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်း၌ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုသို့ အကြမ်းဖက် စစ်တပ်က ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူ ၁ဦး ထပ်မံ သတ်ဖြတ်ပြီး သေပြီးဟုထင်ကာ ချင်းတွင်းမြစ်ထဲ ကန်ချခဲ့သော်လည်း ဒေသခံကာကွယ်တပ်ဖွဲ့များက အချိန်မှီ လိုက်လံဆယ်ယူခဲ့သောကြောင့် အသက်မသေဘဲ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။အကြမ်းဖက် စစ်တပ် သတ်ဖြတ်သောကြောင့် သေဆုံးခဲ့သည့် ကိုချမ်းသာ ရုပ်အလောင်းကို ၎င်း၏ မိခင်ဖြစ်သူ ဆန္ဒအရ မြစ်ကမ်းစပ်တစ်နေရာမှ ကင်းစံပြရွာသို့ မဟာမိတ်ညီနောင်များဖြစ်သော Independence Army – IA နှင့် ChinDwin Young Heroes – CDYH တို့မှ သယ်ယူပို့ဆောင်ပေးခဲ့ပြီး ရုပ်အလောင်းအား ကောင်းမွန်စွာ မီးသဂြိုလ် ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article