24 C
Yangon

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် ၀ဏ္ဏမောင်လွင်ကို မဖိတ်ဟု ကမ္ဘောဒီးယားအစိုးရ ထုတ်ပြန်

Must read

ရန်ကုန်။ ဖေဖော်ဝါရီ ၂

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌကမ္ဘောဒီးယားအစိုးရက စစ်ကောင်စီမှ ဝဏ္ဏ မောင်လွင် ကို ယခုလ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်း အဝေးသို့ ဖိတ်ကြားမည်မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုသည်။

“အာဆီယံဘုံသဘောတူညီချက် အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင် အထည်ဖော်ရာမှာ တိုးတက်မှု အနည်းငယ်သာ ရှိတာကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက SAC ကို ဖိတ်ခေါ်ဖို့ ခက်ခဲနေပါတယ်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က VOA ခမာသတင်းဌာနသို့ ပြောဆိုသည်။

ထို့ကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးပွဲသို့ ၀ဏ္ဏမောင်လွင် တက်ခွင့်ရမည်မဟုတ်ဘဲ နိုင်ငံရေးဘက်မှ မဟုတ်သည့် ကိုယ်စားလှယ် ကို စေလွှတ်ရန် အာဆီယံဘက်က ဖိတ်ကြားထားကြောင်း ၊ အာဆီယံ နိုင်ငံ ခြား ရေးဝန်ကြီး အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင် ဖေ ဖော်ဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ ဖနွမ်းပင်တွင် ကျင်းပရန် စီစဉ် ထား ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်းအောင်လှိုင်နှင့်၀ဏ္ဏမောင်လွင်။


- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article