25 C
Yangon

မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ် ရဲစခန်းကို မြင်းမူ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်စီးနင်း ရာ စစ်သားနှင့်ရဲများထွက်ပြေး၍ အလွယ်တကူသိမ်းပိုက်ပြီး စခန်းကို မိုင်းခွဲ ရှင်းလင်း၊ စစ်ကောင်စီ ကား ၂ စီးကို မိုင်းခွဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ရဲစခန်းကို မြင်းမူ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ စစ်သားနှင့်ရဲများ ထွက်ပြေးသွား၍ အလွယ် တကူ သိမ်းပိုက်ပြီး စခန်းကို မိုင်းခွဲရှင်းလင်းလိုက်ကြောင်း မြင်းမူ PDF က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၂ နာရီ ၀၅ မိနစ်အချိန် မြင်းမူမြို့နယ် ဂုံညင်း ဆိပ် ရဲစခန်းကို MMUPDF က ဦးဆောင်၍ Black Eagle Defence Force – MMU၊ မြင်းမူလျပ်စီးပြောက်ကျားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင် မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊စစ်သားနှင့် ရဲများ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် အပြန်အလှန် ပစ်ခက်မှုများ မရှိခဲ့ဘဲ ကျန်ရှိနေသောပစ္စည်းများအား ပြည်သူပိုင်အဖြစ်သိမ်းယူပြီး အဆောက် အဦများကို မိုင်းခွဲ ရှင်းလင်းခဲ့ကြောင်း People Defence Force Myinmu-MMUPDF က သတင်းထုတ်ပြန်သည်။ အလားတူ ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ် အချိန်တွင် မြင်း မူမြို့ Black Eagle Defence Force-MMU. အဖွဲ့ ဦးဆောင်ပြီး People’s Defence Force Myinmu-MMU PDF၊ မြင်းမူလျှပ်စီး ပျောက်ကျားအဖွဲ့၊ MyinMu Defence Force-MMDF၊ မြောင်မြို့နယ် ပြည်သူ့ ကာကွယ် ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM စသည့် မဟာမိတ်(၅)ဖွဲ့တို့က မြင်းမူမြို့မှ မုံရွာဘက်သို့ ကျန်းမာရေးကား(၂)စီး အသုံးပြု၍ ဆင်းလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာနှင့် ရေပိုးစား အကြားတွင် မိုင်းခွဲခဲ့ကြောင်း၊ ကား တစ်စီးမှာ လုံးဝပျက်စီးသွားပြီး စစ် သား သေဆုံးမှုများပြားနိုင်ကြောင်း ဒေသ PDF က သတင်း ထုတ်ပြန် ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article