25 C
Yangon

ဖားကန့် ၊ စစ်ကောင်စီ၏ ဂျာရာယန် တပ်စခန်း ကို KIA နှင့် PDF ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ် လုံးခင်းကျေးရွာ အုပ်စု ဥရုချောင်း အရှေ့ ဘက် ခြမ်းရှိ ဂျာရာယန် စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၃ နာရီခန့် အချိန် KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၆ မှ KIA တပ်ဖွဲ့ဝင်များနှင့် PDF များ သွားရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ယနေ့ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်များ အထိအခိုက် အကျအဆုံး များနိုင်ပြီး တိုက်ပွဲ အခြေ အနေ အသေး စိတ် ကို မသိရှိရသေးကြောင်း၊ ယနေ့ နံနက် ၅ နာရီ ကျော်မှ ဖားကန့်ဗျုဟာကုန်း မှ လက်နက်ကြီး ၁၀ ချက် ကျော် ရမ်းကား ပစ်ခတ်နေ ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၇ နာ ရီခန့်အချိန် ဖားကန့် စည်ပင်ရုံး အနီး ဗုံး ၁ လုံး ပေါက် ကွဲခဲ့ ပြီး ပေါက်ကွဲသံ အလွန်ကျယ်ကြောင်း သိရှိရသည်။ အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာရှိ ရဲကင်း စခန်းကို ယနေ့ နံနက် ၃ နာရီခွဲ အချိန်တွင် KIA တပ်ရင်း ၃၅ နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မီးရှို့ ရှင်းလင်းလိုက်ကြောင်း PDF သတင်း ရင်းမြစ် များ ထံမှ သိရှိရသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲမှ နံနက် ၄ နာရီခွဲအချိန်အထိ KIA ရင်း ၃၅ နှင့် PDF ပူးပေါင်းတပ်များက မိုးညှင်းမြို့နယ် မော်ဟန် ရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ရဲ ၂ ဦး သေဆုံးပြီး အရှင် ဖမ်း မိသူတချို့လည်းရှိကြောင်း၊ လက်နက်နှင့်ခဲယမ်းအများအပြား သိမ်း ဆည်း ရမိပြီးနောက် ရဲကင်းစခန်းမီးရှို့ ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။”မနက်အစောကြီး မော်ဟန် ရဲစခန်း နဲ့ ဆယ်မိုင်တပ်ကြားမှာ လက်နက် ကြီး ပစ်သံတွေရော၊ လက်နက်ငယ် ပစ်သံတွေရော ဆူညံနေတာ။ အဲဒါ လိုင်း ပေါ် တက်ကြည့်တော့မှ မော်ဟန်ရဲစခန်း သိမ်းလိုက်ပြီ တွေ့ရတယ်။ အခု လေ ယာဉ် သံကြားနေရတယ်” ဟု မော်ဟန်ကျေးရွာပတ်ဝန်းကျင်အနီး နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
ဓာတ်ပုံ- မော်ဟန်ရဲကင်းစခန်းမှ သိမ်းဆည်းရမိသော လက်နက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article