25 C
Yangon

ရန်ကုန်၊ ခရမ်းမြို့နယ်၊ ဇွဲတွန်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ဗုံးပစ် တိုက် ခိုက် ခံရမှု ရဲ ၃ ဦးနှင့် စစ်သား ၂ ဦး သေဆုံး၊ လှိုင်သာယာတွင် ကင်းလှည့် စစ် ကား ၃ စီး မိုင်းဆွဲခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ဇွဲတွန် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ညပိုင်း ဗုံးပစ်တိုက်ခိုက်မှု ဖြစ်ပွားရာ ရဲ ၃ ဦးနှင့် စစ်သား ၂ ဦး သေဆုံးကြောင်း ခရမ်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်အချိန် ရန်ကုန် တိုင်း၊ ခရမ်း မြို့နယ် သက္ကလမြို့နှင့် ခရမ်းမြို့ကြားရှိ ဇွဲတွန် စစ်ဆေးရေး ဂိတ်ကို ၄၀ မမလက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ၊ ရဲ ၃ ဦးနှင့် စစ် သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားကြောင်း ခရမ်း ပြည် သူ့ကာကွယ် ရေး တပ်ဖွဲ့ ထံမှ သိရှိရသည်။

“ဒီတစ်ခါ တစ်နေရာတည်းမှာ ဒီကောင်တွေသေတာအများဆုံးပဲ။ ညက ထိတွေ့တိုက်ပွဲဖြစ်တာ ဗုံးခွဲတဲ့အချိန်မှာ သူတို့လူတွေစုနေတဲ့ကြားထဲ ပစ်ပြီး ခွဲလိုက်တာ။ တည့်တည့်ပဲ ။ အုပ်စုက ၁၀ ယောက်လောက်ရှိတယ် ။အုပ်စု ထဲတည့်တည့်ခွဲလိုက်တော့ အထိ ပိုများသွားတာ။ သူတို့ဘက်က ရမ်းပြီး PDF နှစ်ဦး ရှပ်ထိဒဏ်ရာရ တယ်။ မစိုးရိမ်ရဘူး” ဟု ခရမ်း PDF သတင်း ရင်းမြစ် က ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် လှိုင် သာ ယာ မြို့နယ် အောက်ထိပ်မှတ်တိုင်အနီးသို့ ကင်းလှည့်လာသော စစ်ကား ၃ စီးကို From Zero to Hero (ZTH) နှင့် Spring Revolution Flames(SRF) မြို့ပြပျောက်ကြား တော်လှန်ရေးအဖွဲ့က ဗုံး ၃ လုံးဖြင့် ပူးပေါင်း တိုက် ခိုက် ကြောင်း၊ ပေါက်ကွဲမှုကြောင့် စစ်ကား ၃ စီး ဗုံးထိမှန်ပြီး နောက်ဆုံး ကား မှာ ပိုမို ပျက်စီးသွားကြောင်း၊ စစ်သားများ အထိအခိုက်များနိုင်ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

“၃ စီးထိတာ နောက်ဆုံးကားတော့ တော်တော်လေး ထိမယ်။ သေချာ မကြည့် နိုင်ဘူး။ ခု လမ်းနှစ်ဖက်လုံးကို ပိတ်ထားပြီးစစ်နေတယ်” ဟု ဒေသ ကာကွယ် ရေးတပ်ဖွဲ့မှ အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မန္တလေးတွင် ကင်းလှည့်နေသော စစ်ကောင်စီယာဉ်တန်း။ Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article