25 C
Yangon

ဆိတ်ဖြူတွင် စစ်ကောင်စီတပ် အကြိမ်ကြိမ် တိုက်ခိုက်ခံရကာ စစ်သား ၇ဦးသေဆုံးပြီး စစ်တပ် ဖမ်းဆီးထားသည့် ပြည်သူ ၁ဝဝ ကျော်ကို ကယ်ထုတ်နိုင်ခဲ့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မကွေးတိုင်း ဆိတ်ဖြူမြို့နယ် ရှားလှရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို Southern Pauk People’s Defense Force (SPPDF) တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂ရက်၊၃ရက်နှင့် ၄ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ဦးသေဆုံးကာ စစ်တပ်က ဖမ်းဆီးထားသည့် ပြည်သူ ၁ဝဝကျော်ကိုလည်း ပြန်လည် ကယ်ထုတ်နိုင်ခဲ့ကြောင်း SPPDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဆိတ်ဖြူမြို့နယ် ရှားလှရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂ရက်နေ့ မွန်းလွဲပိုင်း၌ သေနတ်များ ပစ်ဖောက်ကာ ကျေးရွာကို စီးနင်းခဲ့ပြီး ပြည်သူ ၁ဝဝကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်း စစ်ကောင်စီ တပ်ဖွဲ့များကို SPPDF တပ်ဖွဲ့က ၂ရက်နေ့တွင် လက်နက်ကြီးဖြင့် ၄ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဖေဖော်ဝါရီလ ၃ရက်နေ့ SPPDF တပ်ဖွဲ့များက စစ်ကောင်စီ တပ်စွဲထားသော ကျေးရွာအတွင်းသို့ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ဝင်ရောက်ပစ်ခတ်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ယင်း စစ်ကောင်စီ စစ်ကြောင်းကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် ရှားလှရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့များ ဖမ်းဆီးထားသည့် ပြည်သူ ၁ဝဝကျော်ကို Southern Pauk People’s Defense Force (SPPDF) တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article