ရန်ကုန်၊ ဖေဖေါ်ဝါရီ ၅
ကရင်နီပြည်နယ်၊ ထိုင်း-ကရင်နီနယ်စပ် တနေရာတွင် ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကာင်စီတပ်နှင့် ကရင်နီတပ်မတော် KA ကြား မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အောင်မင်းဦးအပါအဝင် ၇ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း ကရင်နီတပ်မတော်ထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ ဗိုလ်ကြီးဆိုသူမှာ အဆင့်မှီ ကျည်ကာအင်္ကျီဝတ်ထားပေမယ့် သေဆုံးခဲ့ကြောင်း ကရင်နီတပ်မတော်ဘက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။