25 C
Yangon

မင်းကင်းတိုက်ပွဲတွင် တပ်ရင်း ၁၀၁မှ သုံးပွင့်ဗိုလ်ကြီး သေဆုံးမှု အလောင်းကိုစောင်နှင့်ပတ်၍ ဖြစ်သလို သဂြိုလ်ထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ-မြစ်ရိုးအောက်ဒေသ(ပကဖ)နှင့်စစ်ကောင်စီတပ်တို့ ဇန်နဝါရီ၃၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ သုံးပွင်ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံး၍ အလောင်းကိုစောင်နှင့်ပတ်၍ ဖြစ်သလိုမြေမြှုပ်သဂြိုလ်သွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြစ်ရိုးအောက်ဒေသ(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသေဆုံးမှုများပြားရာ တပ်ရင်း(၁၀၁)မှ သုံးပွင့်ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးကြောင်း၊အလောင်းကိုစောင်နှင့်ပတ်၍ဖြစ်သလိုမြေမြှုပ်သဂြိုလ်သွားကြောင်း၊နောက်ထပ်စစ်ကောင်စီတပ်သားများ၏အလောင်းများရှိနေနိုင်သေးကြောင်း၊အချိန်လင့်နေ၍ စစ်ကောင်စီတပ်သားများ၏အလောင်းများကို မရှာတော့ဘဲ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article