25 C
Yangon

မလှိုင်နှင့် ရွှေဘိုတို့တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီးဟု သတ်မှတ်ခံရသူ သားအဖ ၂ ဦး အသတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်း မလှိုင်မြို့နယ် ကျောက်တန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ် ချုပ် ရေးမှူး ဝင်းဆင့် ယနေ့ နံနက်ပိုင်း အသတ်ခံရကြောင်း ဒေသခံများနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် နံနက် ၇နာရီ ၃ဝမိနစ်အချိန် ဒေသခံကာကွယ် ရေး တပ်ဖွဲ့ ၂ခုမှ အဖွဲ့ဝင်များက အုပ်ချုပ်ရေးမှူး ဝင်းဆင့်ကို ဝင်ရောက် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ၊အဆိုပါ တိုက်ခိုက်မှုကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့ဖြစ်သော Myangyan Twenty One Guerilla Force (MTGF) နှင့် Underground For Mahlaing(UGFM) အဖွဲ့တို့က ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေနတ်ကျည် ၂ချက်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ ဇီးဖြူကုန်းကျေးရွာတွင် ပျူစောထီးဟု သတ်မှတ်ခံရသူ ဦးမျိုးဝင်းနှင့် သားဖြစ်သူတို့ကို ယနေ့ ဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်းတို့ နေအိမ်၌ ဒေသခံ ကာကွယ်ရေး တပ် ဖွဲ့ ၂ ခုက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း တိုကခိုက်မှုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့ဖြစ်သော Shwebo Justice Force(SJF)နှင့် မဟာမိတ် BLACK TIGER -SHWE BO အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံရသော ဦးမျိုးဝင်းနှင့် သားဖြစ်သူတို့သည် ပျူစောထီးအဖွဲ့ဝင်များ ဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

ဓာတ်ပုံ- ဦးမျိုးဝင်းနှင့်သားဖြစ်သူ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article