25 C
Yangon

ရန်ကုန်မြို့လယ်ခေါင် လသာလမ်း၊ ရွှေပြည်သာ စည်ပင်ရုံး၊မြောက်ဥက္ကလာတို့ တွင် ဗုံးများ ပေါက်ကွဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရန်ကုန်မြို့လယ်ခေါင် လသာလမ်း၊ ရွှေပြည်သာစည်ပင်ရုံး၊ မြောက်ဥက္ကာလပမြို့ နယ်တို့တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး လူထိခိုက်မှုမရှိကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီ ၁၉ မိနစ်အချိန် လသာလမ်းနှင့် မဟာဗန္ဓုလလမ်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ချထားသည့် အထုပ်တစ်ခုအတွင်းမှ ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပထမတော့ ကားဘီးပေါက်တယ်ထင်တာ။ နောက်မှ ရဲကားနဲ့ စစ်ကားတွေ တွေ့မှ ဗုံးပေါက်မှန်း သိတာ။ လူထိခိုက်မှုတော့ မကြားမိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် ရွှေပြည် သာမြို့နယ် စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲကြောင်း၊ လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် မြောက်ဥက္ကလာပတွင် ဗုံးပေါက် ကွဲမှု တစ်ရပ်ဖြစ်ပေါ်ပြီး လူထိခိုက်မှုမရှိဟု ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- လမ်းမတော်မြို့နယ် လသာတွင် ယမန်နှစ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့စဉ်က စစ်ကားများဖြင့် ကင်းလှည့်နေစဉ်။ (ပုံအဟောင်းဖြစ်သည်)

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article