25 C
Yangon

ကသာမြို့နှင့်ကလေးမြို့တို့တွင် PDF များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်တိုင်း ကသာမြို့နယ် နမ့်စမ်းကျေးရွာ အောက်ဖက်တွင် စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၄၁၅ မှ အင်အား ၁ဝဝ ကျော်ပါသော စစ်ကြောင်းကို PDF တပ်ဖွဲ့ ၃ ခုက ယနေ့ အနီးကပ်ဝင်ပစ်တိုက် ခိုက်ရာ စစ်ကောင်စီဘက်မှ စစ်သား ၁၆ ဦး ထက်မနည်းသေဆုံးကြောင်း ကသာပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉နာရီအချိန်တွင် စစ်ကောင်စီ စစ်ကြောင်းကို ကသာ PDF ၊ မြို့လှ PDFနှင့် ကသာ (ပ.က.ဖ)အဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၃နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

” မိုင်းဆွဲ တာမဟုတ်ဘူး။ အနီးကပ် ဝင်ရောက်ပစ်ခတ်တာပါ။ စစ်ခွေးတွေ ဖက်ကတော့ ၁၆ဦးထက်မနည်း ကျဆုံးတယ်။ ထိခိုက်ဒဏ်ရာရလည်းများတယ်။ နမ့်စမ်းကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်တာ မြို့လှ PDFက ဗိုလ်သာလိကာ ဦးဆောင်တဲ့ တပ်ဖွဲ့က အနီးကပ်ကို ဝင်ပစ်တာ” ဟု ကသာ (ပ.က.ဖ)က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်းတိုက်ပွဲတွင် ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၂ ဦး ခြေထောက်နှင့် တင်ပါးတို့တွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်းနှင့် ထိုတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး အလုံး ၅ဝကျော်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ၊ ကလေးမြိုနယ်တောင်ပိုင်းကြံသာရွာနှင့် ဟံသာဝတီရွာတိုတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများက ယနေ့နံနက် ၉ နာရီခွဲမှ ၁၁ နာရီအချိန်ခန့်ထိ တင်သားရွာသို့ ဦးတည်၍ အဝေးပစ်‌အ‌မြောက်လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ရာ တင်သားရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကလေး PDF က ထုတ်ပြန်သည်။

ဒဏ်ရာပြင်းထန်သူများအနက် အသက် ၉ နှစ်အရွယ်ကလေးငယ် ၁ ဦးလည်းပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲများ၏ လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် တင်သားရွာအတွင်းမှ နေအိမ် ၅ လုံး လက်နက်ကြီးထိမှန်၍ မီး‌လောင်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီ၏ အကြောင်းမဲ့ရန်ပြုပစ်ခတ်မှုကြောင့် တင်သား၊ အောင်မင်္ဂလာ၊ မှန်တော၊ ရှားဖို၊ ကျောက်ဖူး ကျေးရွာများမှပြည်သူများ ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင်နေရကြော်ငး ကလေး PDF က ဆိုသည်။

တင်သားရွာအားလက်နက်ကြီးဖြင့်ဦးတည်ပစ်ခတ်ခဲ့သည့်အပေါ်လက်တုံပြန်သည့်အနေဖြင့် ယနေ့‌ညနေပိုင်း ၃ နာရီခွဲအချိန်ခန့်တွင် ကလေးနည်းပညာတက္ကသိုလ်ဘက်မှ ကလေးမြို့ဘက်သို ဦးတည်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဇင်းကလင်းရွာနှင့် ချင်းဆိုင်ရွာအကြားတွင် PDF (Kalay) တပ်ဖွဲဝင်များက မိုင်းဆွဲတိုက်ခိုက်သဖြင့် လမ်းလျှောက်တက်လာသည့် စစ်ကောင်စီတပ်သား ၆၀ကျော်အနက် ၁၅ ဦးခန့် ထိမှန်သေဆုံးပြီး မိုင်းထိမှန်ဒဏ်ရာရရှိသူများထဲမှ ကလေးမြိုစစ်ဆေးရုံသို ရောက်ရှိပြီးနောက် နောက်ထပ် ၅ ဦး ထပ်မံ၍သေဆုံးသွားကြောင်းကလေး PDF က ယနေ့ သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- မြို့လှ PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article