26 C
Yangon

ပြည်ထောင်စု သီချင်းဆိုပြိုင်ပွဲတွင် တိုင်း/ပြည်နယ်ကိုယ်စားပြု အဆိုရှင်များကို ဝန်ထမ်းတိုင်း မဲပေးရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကောင်စီက စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပသော သီချင်း ဆိုပြိုင်ပွဲတွင် တိုင်းနှင့်ပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင်သူ အဆိုရှင်များကို သက်ဆိုင်ရာ တိုင်း/ပြည်နယ်များမှ ဝန်ထမ်းတိုင်းက မဖြစ်မနေ မဲပေးရမည်ဟု အမိန့် ထုတ်ထားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းကိုယ်စားပြု၍ ယှဉ်ပြိုင်သော ဝါသနာရှင် မခင်သက်တင်(ရေဂျီးနား)ကို စစ်ကိုင်းတိုင်းအတွင်းမှ ဝန်ထမ်းများအားလုံးက မဖြစ်မနေ မဲပေးရမည်ဟု စစ်ကောင်စီဘက်က အမိန့်ထုတ်ထားကြောင်း။ အလားတူ အခြားသော ပြည်နယ်တိုင်းများတွင်လည်း ကိုယ်စားပြု ယှဉ်ပြိုင်သူများကို မဲပေးရန် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

“ဌာနဆိုင်ရာတွေကို မဖြစ်မနေ Vote လုပ်ရမယ့်သဘောနဲ့ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ပြန်လည်တင်ပြပါဆိုပြီး ခိုင်တာတွေက တကယ်တော့ ဆိုးလွန်းပါတယ်။ အဆိုပြိုင်ပွဲတစ်ခုမှာ ဒီလိုနည်းလမ်းနဲ့ အနိုင်ရအောင် လုပ်တာဟာ မတရားဘူးလို့ မြင်ပါတယ်။ စစ်ကောင်စီအောက်မှာ ပြည်သူ့အတွက် တာဝန်ထမ်းဖို့ ကျန်ခဲ့တာပါဆိုပြီး အခုတော့ ထွေ/အုပ်ခိုင်းကို ဖုန်းဘေအကုန်ခံပြီး သီချင်းဆိုပြိုင်ပွဲမှာ မဲပေးခိုင်းတယ်။ မဲမသမာလို့ အာဏာသိမ်းတဲ့ စစ်ကောင်စီက သီချင်းဆိုပြိုင်ပွဲတောင် ဒီလူပဲ မဲပေးပါဆိုပြီး လုပ်နေတာဟာသပဲ” ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ငွေကျပ် ဘီလီယံချီအကုန်အကျခံ၍ ဗိုလ်ရှုခံဖြင့် မင်းအောင်လှိုင်ကို အလေးပြုရန် ပြင်ဆင်လျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article