25 C
Yangon

အင်းလျားကန်ဘောင်တွင် စစ်တပ်က ပစ်ခတ်လိုက်သော ဗကသကျောင်းသား
ကိုကျော်ဉာဏ ကျဆုံးခြင်းမရှိသေးဘဲ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်လျားကန်ဘောင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲစဉ် စစ်တပ်က ပစ်ခတ်လိုက်သော ဗကသကျောင်းသား ကိုကျော်ဉာဏ(ခ)ကိုဘုန်းမြတ်လင်းသည် ကျဆုံးခြင်းမရှိသေးဘဲ ဆေးရုံတွင် ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်နေရကြောင်း ဗကသက ကြေညာချက် ထုတ်ပြန်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ အင်းယားကန်ဘောင် တံတားနီတွင် ❝ဆံချည်တမျှင်တောင် နောက်မဆုတ်နဲ့ ဆက်တိုက်❞ စာသားပါဘန်နာအား ချိတ်ဆွဲ၍ ဗကသခွပ်ဒေါင်းအလံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ပြုလုပ်ခဲ့ကြောင်း၊ လှုပ်ရှားမှုပြု‌လုပ်နေစဉ်တွင် ဖက်ဆစ်တပ်မှ အကြမ်းဖက်ပစ်ခတ်ခဲ့သောကြောင့် ရန်ကုန်နိုင်ငံတကာပညာသင်ကျောင်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေသူ ဗကသရဲဘော် ကိုကျော်ဉာဏ (ခ) ကိုဘုန်းမြတ်လင်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဖက်ဆစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဗကသက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညဦးပိုင်းတွင် သတင်းမီဒီယာအချို့၌ ဗကသရဲဘော် ကိုကျော်ဉာဏ (ခ) ကိုဘုန်းမြတ်လင်းအား ကျဆုံးသည်ဟု ဖော်ပြကြသော် လည်း ပြင်းထန်ဒဏ်ရာ ရဲဘော်သည် ကျဆုံးခြင်းမရှိသေးကြောင်း၊ ဖက်ဆစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဗကသရဲဘော်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်း၌ ကုတင် ၁၀၀၀ အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသကာ ညပိုင်းတွင် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ကြောင်း၊ ခွဲစိတ်ကုသမှုအောင်မြင်သည်ဟု သိရသော်လည်း ယခုအချိန်တွင် ဗကသရဲဘော် ကိုကျော်ဉာဏ (ခ) ကိုဘုန်းမြတ်လင်းသည် စိုးရိမ်ရဆဲအခြေအနေ၌ ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပု- ယမန်နေ့ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိနေသော ဗကသကျောင်းသား ကိုကျော်ဉာဏ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article