25 C
Yangon

တနိုင်းရှိ စစ်ကောင်စီ၏ နမ်ကောန်စခန်းကို KIA က သိမ်းပိုက်၊ ပူတာအိုတွင်လည်း စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ စစ်ကောင်စီ၏ နမ်ကောန်စခန်းကို ကချင်လွတ် လပ်ရေးတပ်မတော် KIA က ယနေ့ နံနက် ၉ နာရီတွင် သိမ်း ပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ KIA တပ်မဟာ ၂ တပ်ရင်း ၁၄ ရှိ စကစ နမ်ကောန် စခန်း ကိုက KIA တပ်ဖွဲ့ ဝင် များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယမန်နေ့ ညပိုင်းမှစတင်ပြီး KIA က စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင်မှ စစ်ကောင်စီတပ် စခန်း တစ်ခုကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စခန်းမှ ကစဉ့် ကလျား ထွက်ပြေးသွားသော စစ်ကောင်စီတပ်များကို KIA က လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ဘက်သို့ စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူပေါင်းတပ်တို့ ယနေ့ နံနက် ၆ နာရီခွဲကျော်အချိန်မှစတင်ပြီး တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ ပူတာအိုမှ ဆင်းလာသော စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို ပူတာအိုမှ မိုင် ၂၀ ခန့်ဝေးသော လုံရှာယန် ရွာအနီး ဖတ်မန် ဒေသတွင် KIA PDF ပူးပေါင်း အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် မချမ်းဘောမြို့နယ် စကစ ၁၃၇ တပ်ရင်းက လက်နက်ကြီး ပစ်ကူ ပေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်)

Photo by AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article