28 C
Yangon

မြစ်ကြီးနားတွင် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး KSCM (ပင်မသပိတ်) တနှစ်ပြည့် လှုပ်ရှားဆန္ဒပြ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး KSCM ပင်မသပိတ်၏ လူထုလှုပ်ရှားမှု တစ်နှစ်ပြည့်အဖြစ် ယနေ့ ဆန္ဒပြကြသည်။

ယနေ့တွင်လည်း မြစ်ကြီးနားမြို့ တနေရာတွင် KSCM လူငယ်များစုပေါင်းကာ “ဖိနိပ်ခံပြည်သူများ။လွတ်မြောက်ဖို့ အဆုံးထိတိုက်ကြစို” ဟူသည့် ဟစ်ကြွေးသံဖြင့် လူထုနှိုးဆော်သည့် အာဏာရှင်ဆန့်ကျင် ရေးသပိတ် ပြုလုပ်ကြသည်။

KSCM (ပင်မသပိတ်) အဖွဲ့တွင် ကချင်ပြည်နယ်အတွင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူကြီး/လူငယ်များ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ Myitkyina GENZ လူငယ်များ နှင့် အခြားသော မဟာမိတ်အဖွဲ့များစွာဖြင့်
အဖမ်း အဆီး၊ အခက်အခဲအတားအဆီး မျိုးစုံကြားထဲမှပင် စစ်အာဏာရှင်ကို နည်းမျိုးစုံဖြင့် ‌ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုများ ပြုလုပ်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article