25 C
Yangon

ဘားအံမြို့နယ်ရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ နုတ်ထွက်ထွက်ခွာကြရန် KNU က သတိပေးချက် ထုတ်ပြန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို နုတ်ထွက်ထွက်ခွာကြရန် ဖေဖော်ဝါရီလ ၇ ရက်နေ့ ရက်စွဲဖြင့် KNU က သတိပေးချက် ထုတ်ပြန်သည်။

မြို့နယ်အတွင်း ရှိနေသော စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်၊ အရပ်ဖက် ဝန်ထမ်းများအားလုံး ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်သော အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု မပြု ခြင်းဖြင့် အချိန်မနှောင်းမီ ပြည်သူနှင့်အတူရပ် တည်ပြီးမှန်ကန်သောလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းနိုင်ရန် သတိပေးခြင်း ဖြစ်ကြောင်း KNU က ပြောဆိုထားသည်။

သတိပေးထုက်ပြန်ချက်တွင် အချက် ၃ ချက်ပါရှိ၍-

(၁) ကေအဲန်ယူ-သထုံခရိုင်၊ ဘားအံမြို့နယ်၊ တပ်ရင်း ၁ ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ် (ပသစ)များ မိမိလက်ရှိ လုပ်ငန်းတာဝန်မှ ထွက်ပေးရန်နှင့် စစ်ကောင်စီ (စကစ)နှင့် ပူးပေါင်းဆောင် ရွက်ခြင်းမပြုရန်။

(၂) သထုံခရိုင် ဖားအံမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော အခြေအနေအရ နယ်ခြားစောင့်တပ် (BGF) တပ်စခန်းတွင်နေထိုင်နေသော မိသားစုဝင်အားလုံးသည် ၎င်းစခန်းအတွင်းမှ ထွက်ခွာပေးရန်။

(၃) သထုံခရိုင် ဖားအံမြို့နယ်အတွင်း စစ်ကောင်စီ (စကစ)လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး မိမိလက်ရှိ လုပ်ငန်းတာဝန်မှ နှုတ်ထွက်ပေးရန် တို့ဖြစ်သည်။

KNU ၏ဘားအံမြို့နယ် တာဝန်ရှိသူတစ်ဦးက “ထုက်ပြန်ကြေငြာချက်ပါ အချက်တွေကို လိုက်နာဆောင်ရွက်မှု မရှိရင်တော့ ဖြစ်လာမယ့် ပြဿနာတွေကို တာဝန်ယူမှာ မဟုတ်ဘူး”ဟု ပြောဆိုကြောင်း KNU က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article