25 C
Yangon

ယင်းမာပင် – ပုလဲလမ်းပိုင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ၂ စီး တိမ်းမှောက်၊ စစ်သား ၂၂ ဦး ဒဏ်ရာရပြီး သေဆုံးမှုများနိုင်(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း ယင်းမာပင်-ပုလဲလမ်းပိုင်း အရှေ့မှ အနောက်သို့ မောင်းလာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မိုင်း ၂၅ လုံး၊ ပြောင်းတိုင် ၁၆ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီးပြီး စစ်ကောင်စီဝင် ၂၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ သေဆုံးသူ များနိုင်ကြောင်း Chindwin Galone Yarzar Guerrilla Defense Force (CGYDF) က သတင်းထုတ်ပြန်သည်။တိုက်ခိုက်မှုကို CGYDF ၊ Yinmarbin Local PDF၊ MTOF၊ Triple Two၊ SRDF၊ SBTF၊ ဆားလင်းကြီး တကိုယ်တော်သုဘရာဇာတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီကား နှစ်စီး လမ်းဘေးသို့ ထိုးကျ တိမ်းမောက်သွားပြီး နောက်တစ်စီးမှာ ကြိုးဖြင့် ဆွဲသွားရကြောင်း၊ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း CGYDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Video credit – Chindwin Galone Yarzar Guerrilla Defense Force

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article