25 C
Yangon

ခင်ဦး၊ မဒေါင်းကြီးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံးကာ ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်သတ်၊ ရွှေဘိုတွင် စစ်စခန်းကို ဒရုန်းဖြင့် ၅ ကြိမ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦး သေဆုံးကာ အရပ်သား ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၈ရက်နေ့ နေ့လယ်ပိုင်းတွင် ခင်ဦးမြိုနယ်ရှိ မဒေါင်းလှရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများက မဒေါင်းကြီးရွာ ရွှေကာရွာများသို ဝင်ရောက်ဖျက်ဆီးရန်ကြိုးပမ်းခဲ့ကြောင်း၊ မဒေါင်းကြီးရွာထိပ်အနီး အိမ်ထဲတွင် ရှိနေခဲ့သော အသက်၁၅နှစ်ရွယ် သားဖြစ်သူမောင်ပိုင်ဇေရဲထွန်းနှင့် ဖခင်ဖြစ်သူ ဦးလှထွန်းဦးကို စစ်တပ်က ပစ်သတ်သွားကြောင်း သိရှိရသည်။ ယင်းနောက် စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်များဖြစ်သည့် L.W.G.R.F Local Guerrilla Revolution Force ၊ F.F.F Fight For Freedom၊ မဟာမိတ်ညီနောင်တပ်ပေါင်းစု နှင့် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှု အပြန်အလှန်ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်မှ ၆ ဦးခန့် သေဆုံးပြီး စစ်တပ်က မဒေါင်းလှရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။ ခင်ဦးမြိုနယ် ရွာသစ်ကုန်း။ မဒေါင်းလှ၊ ပျဥ်ထောင် ၊မကျီးတုံးရွာများတွင် စခပျူများကြီးစိုးထားပြီး အနီးပတ်ဝန်းကျင်ရှိ ရွာများအား မကြာခဏဝင်ရောက်ဒုက္ခပေးလျက်ရှိအလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်မူ သီးလုံးကျေးရွာရှိ တပ်စွဲထား စစ်တပ်ကို C&T SHWEBO၊ Snake Eyes PDF၊ Fighter One ၊ SHWEBO PDF နှင့် ပ.က.ဖ အဖွဲ့အစည်းများက ဒရုန်းဖြင့် ငါးကြိမ်တိတိသွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ဒဏ်ရာရသူများပြား၍ အထိခိုက်အကျဆုံးမသိရသေးကြောင်း Snake Eyes PDF က သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- ခင်ဦးတွင် စစ်တပ်က ပစ်သတ်ခဲ့သော အသက်၁၅နှစ်ရွယ် သားဖြစ်သူမောင်ပိုင်ဇေရဲထွန်းနှင့် ဖခင်ဖြစ်သူ ဦးလှထွန်းဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article