25 C
Yangon

ကြို့ပင်ကောက် ပျူစောထီးစခန်းကို PDF ဝင်တိုက်ခိုက်ပြီး ၅ ဦးသေဆုံး၊ ကျိုက်ထိုတွင်လည်း စစ်ယာဉ်တန်း မိုင်းဆွဲခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့နယ်အစပ်ရှိ ပျူစောထီးစခန်းကို PDF က ဝင်တိုက်ရာပျူစောထီးခေါင်းဆောင် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးကြောင်း ကြို့ပင်ကောက်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်မြို့နယ်၊ မြေပြာရွာရှိ ပျူစောထီးစခန်းကို ဒေသခံပြည်သူ့ကာ ကွယ်ရေး တပ်GBK-PDF တပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်၍ ပျူစောထီးခေါင်းဆောင်အပါ အဝင်၅ဦး သေဆုံးခဲ့ကြောင်၊ ပျူစောထီးအဖွဲ့ ခေါင်းဆောင် နိုင်ဦး ၊ စန်းငွေ ၊ကျော်ဦးနှင့် အပေါင်းအပါ ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးကြောင်း၊ GBK-PDFတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အ၇ သိရှိရသည်။ အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီ အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်နှင့် အင်္ဂဘိုကြားတွင် စစ်ယာဉ်တန်းကို ကျိုက်ထို KRF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊လက်ရှိတွင် စစ်တပ်၏ ထိခိုက် သေဆုံးမှု အခြေ အနေ မသိရသေးကြောင်း KRF က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article