37 C
Yangon

ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် ရည်စားနဲ့ လာတွေ့သည့် အင်းစိန် ရွာမရဲစခန်းက ရဲအုပ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ၊ ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် Pale Jokers ၊နယ်စည်း မထား ညီနောင်များနှင့် ပုံတောင်တိုက်ဂါး ပူးပေါင်အဖွဲ့တို့မှ နယ်မြေစိုးမိုးရေး လုပ်ငန်းပြုလုပ် ရန်ကုန် အင်းစိန်မြို့နယ် ရွာမရဲစခန်းမှ ရဲအုပ် ခင်ခင်သန့်ကို ဖမ်းဆီးရမိကြောင်း ပြည်သူ့ ကာကွယ်ရေးတပ် Peal Jokersအဖွဲ့က ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။အဆိုပါ ရဲအုပ် ခင်ခင်သန့်သည် ဂန့်ဂေါကို ရည်စား ဖြစ်သူနှင့် လာတွေ့ဆုံခြင်းဖြစ်ပြီး ၎င်း ရည်းစားဖြစ်သူနှင့် တွေ့ဆုံပြီး ပြန်လာစဉ် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် ဖေဖော်ဝါရီ ၄ ရက်ကလည်း နယ်မြေစိုးမိုးရေးလုပ်ငန်းများလုပ်ဆောင်စဉ် စစ်ကောင်စီ ရဲတပ်သား မျိုးသီဟထွန်း (ကိုယ်ပိုင်အမှတ် – လ၂၈၄၆၀၉)ကို ဖမ်းဆီးရမိခဲ့ပြီး ယခင်က ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် နေပြည်တော်၌ တာဝန်ကျနေကြောင်း အဖမ်းခံရသူ ရဲတပ်သားက Pale Jokers အဖွဲ့၏ မေးမြန်းမှုကို ဖြေကြားထားသည်ဟု သိရသည်။
Video credit – People’s Spring

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article