30.5 C
Yangon

ဗိုလ်ရှုခံစင်မြင့်မှာ မင်း‌အောင်လှိုင် အနေကြာစေဖို့ ယတြာ နေကြာပန်းခင်းပုံနောက်ခံဗီနိုင်းအဖြစ် ထည့်သွင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြုလုပ်မယ့် စိန်ရတု ပြည်ထောင် စုနေ့ ဗိုလ်ရှုခံပွဲမှာ မင်းအောင်လှိုင်က ယတြာအဖြစ် အနေကြာစေဖို့ နေကြာ ပန်းခင်း ဗီနိုင်း ပိုစတာ ထည့်သွင်းထားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နေပြ ည်တော် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောတာပါ။

စစ်တပ်အသိုင်းအ၀ိုင်းမှာ အခါကြီး ရက်ကြီး အချိန်တွေ ဘာသာရေးဆိုင်ရာ ပွဲတော်တွေနဲ့ ဘုရားသွားတဲ့အချိန်တွေမှာ နေကြာပန်း ဝတ်စုံတွေ ဝတ်ဆင်ကြဖို့ တပ်မိသားစုတွေ မကြာခဏ နှိုးဆော်မှုတွေ ရှိခဲ့ပြီး အခု ဗိုလ်ရှုသဘင်မှာတော့ နေကြာပန်းခင်းကို ဗိုလ်ရှုခံ စင်မြင့်ရဲ့ နောက်ခံ ဗီနိုင်းပိုစတာ အဖြစ် ထည့်သွင်းတာ လို့ သိရပါတယ်။

“ဒီနေ့က မအလရဲ့ ပြည်ထောင်စုနေ့ အကြိုပွဲ လေ့ကျင့်တာပေါ့။ အကြိုမိန့်ခွန်းပြောတဲ့သူက ဒီအခမ်းအနားကို တစ်နိုင်ငံလုံးမှာရှိတဲ့ ၅၅ သန်းသော ပြည်သူတွေ ကြည့်ရှုနေလိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောပြီး လိုက်ပါဆောင်ရွက်သူ ဝန်ထမ်းတွေကို ချွေးသိပ်တယ်။ မျက်နှာစာထိုင်ကြည့်စင်နောက်ခံ ဗီနိုင်းမှာ နေကြာခင်းပုံကြီး အကြီးကြီးကို နောက်ခံထားတယ်” လို့ ဝန်ထမ်းတစ်ဦးက ပြော ပါတယ်။

တပ်တွင်းသတင်းရင်းမြစ်တစ်ခုကတော့ မင်းအောင်လှိုင်မိသားစုက ၀စီပိတ်ဆရာတော်ရဲ့ အကြံပေးချက် အရ ဗေဒင် ယတြာတွေ တောက်လျှောက်ဆိုသလိုလုပ်နေပြီး တပ်တွင်းမှာ ပဋ္ဌာန်းပွဲတွေ ပေးတာတွေ၊ အဓိဋ္ဌာန်ဝင်တာတွေ၊ ဘုရားတည်တာတွေ တောက်လျှောက်လုပ်နေကြောင်း၊ အခု နေကြာပန်း ဗီနိုင်း ပိုစတာကို သုံးတာလည်း ယတြာ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်မိသားစုဝင်တွေက တာချီလိတ်မှာ ရှိတဲ့ ၀စီပိတ် ဘုန်းကြီးကို သူတို့ အလိုရှိတဲ့အချိန်အတိုင်း နေပြည်တော်ကို အထူးလေယာဉ်နဲ့ ခေါ်ဆောင်ပြီး မေးမြန်း ယတြာတွေ လုပ်တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

၀စီပိတ်ဘုန်းကြီးဟာ မင်းအောင်လှိုင်အတွက် ယတြာ အစီအရင်တွေ အဓိက လုပ်ဆောင်ပေးနေသူ အခါတော်ပေး ဘုန်ကြီးတစ်ပါးလည်းဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article