25 C
Yangon

ရေဦးတွင် စစ်တပ်က ညအချိန် အပြင်ထွက်သည်ဆိုကာ ကိုရဲမြင့်နှင့် လူငယ် ၁ဦးကို အကြောင်းမဲ့ ပစ်သတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ဖေဖော်ဝါရီလ ၇ရက်နေ့ ည ၉နာရီခန့်က အောင်ဆန်းရပ်ကွက်တွင် ကိုရဲမြင့်နှင့် အမည်မသိ လူငယ် ၁ဦးကို စစ်တပ်က ညဖက် အပြင်ထွက်သည်ဆိုတာ အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ” ကိုရဲမြင့်နဲ့ အောင်ဆန်း၃လမ်းထဲက လူငယ် ၁ဦးကို ညဖက် အပြင်ထွက်လို့ ဆိုပြီး စစ်တပ်က အကြောင်းမဲ့ ပစ်သတ်လိုက်တာ အောင်ဆန်း ၃လမ်းထဲ တစ်ယောက်ကတော့ အမည်မသိရသေးဘူး။ သူတို့ ပစ်သတ်ခံရတာက အောင်ဆန်းရပ်ကွက် ဂါဝီလမ်းမှာ ဖြစ်တာ ကိုရဲမြင့်ကို ဂါဝီလမ်း အနောက်ထိပ်မှာ အမည်မသိ ၁ဦးကိုတော့ ဂါဝီလမ်း အရှေ့ထိပ်မှာ စစ်တပ်က ပစ်သတ်တာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကိုရဲမြင့်ကို ပစ်ခတ်ခဲ့ပြီးနောက် ဝိုင်းဝန်းထိုးကျိတ်မှုများပါ လုပ်ဆောင်ခဲ့ကာ စစ်တပ်က ပစ်သတ်ခဲ့သည့် အဆိုပါ လူငယ် ၂ဦးကို ပစ်သတ်ပြီးနောက် အလောင်းကို ကားပေါ်သို့ ဆွဲတင် ယူဆောင်သွားကာ ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ရင်ခွဲရုံသို့ အလောင်းကို ပို့ဆောင်ပြီး သဂြိုလ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article