25 C
Yangon

၀ဏ္ဏမောင်လွင်ကို မဖိတ်လို့ အာဆီယံနိုင်ငံခြားရေး အစည်းအဝေးသို့ ကိုယ်စား လှယ် မင်းအောင်လှိုင် မလွှတ်၊ “အာလုံး ၀ိုင်းတားတဲ့ကြား ဇွတ်နှိုက်မြည်းတဲ့ ဟွန် ဆင် ဘာမှန်းသိဖို့ ကောင်းပြီ” ဟု ဦးမင်းကိုနိုင် မှတ်ချက်ပြု

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အဆင့် ဆွေးနွေးပွဲသို့ မြန်မာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မည်သည့် ကိုယ်စားလှယ်မှ စေလွှတ်မည်မဟုတ်ကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက တရုတ် CGTN သတင်းဌာနသို့ ပြောဆိုလိုက်သည်။

အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီယားနိုင်ငံက စစ်ကောင်စီဘက်မှ ၀ဏ္ဏမောင်လွင်ကို ဖိတ်ကြားမည်မဟုတ်ဘဲ နိုင်ငံရေး ကိုယ်စားမပြုသော ကိုယ်စားလှယ်စေလွှတ်ရန် ဖိတ်ကြားခဲ့သော်လည်း စစ်ကောင်စီဘက်က မည်သည့် ကိုယ်စားလှယ်မှ မလွှတ်ဘဲ ယင်းသို့ ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ထင်ရှားသော နိုင်ငံရေးခေါင်းဆောင် ဦးမင်းကိုနိုင်ကမူ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆင် အနေဖြင့် အားလုံး၀ိုင်းတားသည့်ကြားမှ မင်းအောင်လှိုင်ထံ လာရောက်လည်ပတ်ခဲ့သော်လည်း ယခု နောက်ဆုံးတွင် အရှက်တကွဲ အကျိုးနည်းသာ ဖြစ်လာကြောင်း သုံးသပ်ပြောဆိုသည်။

“အားလုံး ၀ိုင်းတားနေတဲ့ကြားက ဟွန်ဆင်က ဇွတ်နှိုက်မြည်းကြည့်တာ ဘာမှန်းသိဖို့တောင် ကောင်းပြီ” ဟု ဦးမင်းကိုနိုင်က မှတ်ချက်ပြုပြောဆိုသည်။

ထို့ပြင် အာဆီယံ အစည်းအဝေး တက်ခြင်း၊ မတက်ခြင်းနှင့် အာဆီယံဘုံသဘောတူညီချက်သည် တော်လှန်ရေး၏ ပန်းတိုင်မဟုတ်သည်ကို သတိပြုရန် ပြည်သူများကို ဦးမင်းကိုနိုင်က ပြောသည်။

“အစည်းဝေးတက် ၊ မတက် ကိစ္စဖက်အာရုံမလွဲသွားစေချင်ဘူး။အာဆီယံရဲ့ တောင်းဆို၅ချက်ကလည်း ပြည်သူ့တော်လှန်ရေးရဲ့ပန်းတိုင်မဟုတ်ဘူး ဒါကိုရှင်းပြတ်ဖို့လိုတယ်။ အာဆီယံ ကိုသွား၊ မသွား၊ လာ၊ မလာတွေက ပြည်သူတွေကိုမေးကြည့် ၊အာရုံရှိလားလို့ ကိုယ့်တော်လှန်ရေးပန်းတိုင် ဘယ်ပြည်သူမျက်ခြေအပြတ်ခံမှာလဲ။ဒါလည်းရှင်းပြတ်ပြီးသား။အကြမ်းဖက်စစ်ကောင်စီကိုကမ္ဘာကြီးက အရေးယူပြီလား။ ဒါဆိုရင်တော့ ပြည်သူတွေက စိတ်ဝင်စားလိမ့်မယ်။ လာလိုက် သွားလိုက် ၊ဓာတ်ပုံရိုက် အမြတ်ထုတ်မှာမျိုး ခေါင်းမူးခံ ထိုင်ကြည့်နေမယ့် ပြည်သူတွေမဟုတ်ဘူး ဆိုတာကမ္ဘာကိုသိစေချင်တယ် ။ ပြည်သူတွေရဲ့တော်လှန်ရေးနှစ်ပတ်လည်တောင်းဆိုမှုကိုသာ ဂရုဓမ္မပြုကြပါ” ဟု ဦးမင်းကိုနိုင်က ပြောသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို လာမည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article