25 C
Yangon

NUG အပါအဝင် စစ်အာဏာရှင် တော်လှန်နေသူများကို ဖမ်းဆီးပေးရန် အကြမ်း ဖက်စစ်တပ်က အကူအညီ တောင်းခံမှု ကမ္ဘာ့ရဲတပ်ဖွဲ့ အင်တာပိုလ်က မကူညီနိုင်ဟု အကြောင်းပြန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ခေါင်းဆောင်များအပါအဝင် စစ်အာဏာ ရှင်ကို ဆန့်ကျင်တော်လှန် နေသူများကို ဖမ်းဆီးပေးရန် အကြမ်းဖက်စစ်ကောင် စီက ကမ္ဘာ့ရဲတပ်ဖွဲ့ အင်တာပိုလ်သို့ အကူအညီတောင်း ခံမှုအပေါ် မကူညီနိုင်ဟု အင်တာပိုလ်က အကြောင်းပြန်လိုက်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက NUG အပါအဝင် စစ်တပ်ကို ဆန့်ကျင်နေသူများကို အကြမ်းဖက်သမားဟု အမည်တပ်ကာ ဖမ်းဆီးပေးရန် အကူအညီတောင်းခံမှုကို အင်တာပိုလ်ဘက်က မကူညီနိုင်ဟု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အကြောင်းပြန်လိုက်ကြောင်း စင်ကာပူ အခြေစိုက် CNA သတင်းအရ သိရှိရသည်။ ထူးခြားသည့်အခြေအနေများမှလွဲ၍ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ သီးခြားကိစ္စရပ်များ သို့မဟုတ် သီးခြားလုပ်ဆောင်မှုများအပေါ် မှတ်ချက်ပေးလိုခြင်းမရှိဟု အင်တာပိုလ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNA သို့ ပြောဆိုသည်။။ “အင်တာပိုလ်သည် နိုင်ငံရေးအတိုက်အခံများ၊ အစိုးရကို ဝေဖန်သူများ သို့မဟုတ် အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့်ပတ်သက်၍ မည်သည့်တောင်းဆိုမှုကိုမဆို အကူအညီပေးမည်မဟုတ်ပေ။” ဟု အင်တာပိုလ်ကမ္ဘာ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီက NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြမ်းဖက်သမားများအဖြစ် စွပ်စွဲပြီး ရှုတ်ချကြရန် ကမ္ဘာ့အဖွဲ့အစည်းများကို တောင်းဆိုထားသော်လည်း ကမ္ဘာ့အဖွဲ့အစည်းများက စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ရန် တောင်းဆိုကြသည်။
ကိုးကား-CNA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article