25 C
Yangon

မြောင်နှင့်မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ လက်နက်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့်မင်းကင်းမြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မြောင်မြို့နယ်မှ ဆင်းလာသော စစ်ကောင်စီအင်အား ၅၀ ခန့်သည် T.G.R ထုတ်လုပ်ရေးစခန်းသို့ ဦးတည်လာသဖြင့် PDF ပူးပေါင်းအဖွဲ့က အပြန်အလှန် ပစ်ခတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R) နှင့် (11 Brothers Revolution Force) ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး အပြန်အလှန် ပစ်ခတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာ အပြင်းအထန်ရရှိကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R) က သတင်းထုတ်ပြန်သည်။ အလားတူ မင်းကင်းမြို့နယ်တွင်လည်း MKPDF-B/3 တပ်ခွဲ ၁ ၊ ပျောက်ကျားတပ်စိပ် ၂ က စစ်ကောင်စီတပ်စွဲထားသော မင်းကင်းမြို့နယ် စနဗျင်းရွာကို နေရာယူ ချဥ်းကပ်စောင့်ကြည့်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၀၁ နာရီ ၁၅ မိနစ်ချိန်တွင် ရွာကင်းစခန်းကို ပျောက်ကျားနည်းသုံးပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်း၊ MA-2 စက်ကလေးတစ်လက်၊ ကာဘိုင်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article