25 C
Yangon

တံတားဦးမြို့ အထွက်ရှိ စစ်ကောင်စီ ဂိတ်စခန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေဆုံး၊ ကျိုက်ထိုနှင့်မုံရွာတွင်လည်း ပေါက်ကွဲမှုများဖြစ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ မြို့အထွက်ရှိ စစ်ကောင်စီဂိတ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “ဒီနေ့ မနက်ပိုင်းမှာ တံတားဦးမြို့အထွက် တံတားဦးမြို့သာလမ်းမှာ တပ်စွဲထားတဲ့ စကစဂိတ်စခန်းကို ကျနော်တို့ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ပါတယ်။ ရဲ ၃ ၃ ဦး သေဆုံးပြီး တစ်‌ယောက်ဒဏ်ရာရပါတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနား ဖိုးကြာရိုးတံတားကို ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မိုင်းဆွဲခံရကြောင်း၊ အဆိုပါတံတားသလည် ရထားလမ်း တံတားဖြစ်ပြီး မိုင်းခွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က လမ်းများကို ပိတ်ဆို့ထားကြောင်း၊ အထိအခိုက်အပျက်အစီး မသိရသေးကြောင်း ဒေသသတင်းရင်းမြစ် ကျိုက်ထိုအသံက သတင်းထုတ်ပြန်သည်။ အလားတူ စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် ယနေ့နံနက် ၉နာရီဝန်းကျင်ခန့်အချိန် ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှု ထိခိုက်မှုရှိကြောင်း ဒေသသတင်းရင်းမြစ် မုံရွာချင်းတွင်းရိုးမထံမှ သိရှိရသည်။
ဓာတ်ပုံ- မန္တလေးတိုင်းအတွင်းရှိ အဝင်အထွက် စစ်ဆေးရေးဂိတ်တစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article