25 C
Yangon

ရွှေဘို SBDF က စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်ကား ၂ စီး ပျက်စီးပြီး စစ်သား ၂၀ နီးပါး သေဆုံးနိုင်(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်း၊ ခင်ဦးလမ်းဆုံအနီးတွင် စစ်ကောင်စီယာဉ်တန်းကို ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ကား ၂ စီးပျက်စီးပြီး စစ်သား ၂၀ နိးပါး ထိခိုက် သေဆုံးကြောင်း SBDF က ပြောသည်။ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ်အချိန် မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်း၊ ခင်ဦးလမ်းဆုံအနီးတွင် ကုလားလူးကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဉ်တန်းကို ပဒေသာဆွဲမိုင်း ၇ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကား ၂ စီး ထိခိုက်ပြီး စစ်သား ၂၀ ဦးခန့် ထိခိုက်သေဆုံးကြောင်း ၊ စစ်တပ်က ရမ်းသမ်း ပစ်ခတ်မှုများလုပ်ဆောင်ပြီး အနီးအနားကျေးရွာများမှ ကြက်ခြံတစ်ခုနှင့် ကောက်ရိုးပုံကို မီးရှို့ဖျက်ဆီးသွားကြောင်း SBDF ၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article