ရန်ကုန်၊ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်ရှိ Myanmar Asia Optical (မှန်ဘီလူး) စက်ရုံတွင် အလုပ်လုပ်နေသော ဝန်ထမ်း ၇၁၈ ဦးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရကြောင်း ဇန်နဝါရီ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ စစ်ဆေးတွေ့ရှိခဲ့ရသည်။ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်မှု ဖြစ်ပွားသော Myanmar Asia Optical (မှန်ဘီလူး)စက်ရုံတွင် ဝန်ထမ်းပေါင်း ၃၂၈၂ ဦးရှိပြီး ယင်းတို့အနက်မှ ၉၀၆ ဦးမှာ တစ်နိုင်ငံလုံးသို့ တရုတ်နှစ်သစ်ကူးအနေဖြင့် ခွင့်ပြန်သွားကြောင်း၊ စက်ရုံကြီးတစ်ခုလုံးအတိုင်းအတာဖြင့် ကိုဗစ်ကူးစက်မှု ဖြစ်ပွားခြင်းဖြစ်သည့်အတွက် ယင်းခွင့်ပြန်သွားသည့် ဝန်ထမ်းအများစုမှာလည်း ကိုဗစ် ကူးစက်ခံရသည့် ရာခိုင်နှုန်းအလွန်များကြောင်း၊ သို့ရာတွင် စစ်တပ်က ယင်း ကိုဗစ် ကူးစက်ခံထားရသော စက်ရုံမှ အလုပ်သမား ၉၀၆ ခွင့်ပြန်သွားသည့်ကိစ္စကို တရားဝင် ထုတ်ပြန်ခြင်းမပြုဘဲ လျှို့ဝှက်ထားသဖြင့် တစ်နိုင်ငံလုံးကို ရည်ရွယ် ချက်ရှိရှိ ကိုဗစ် ဖြန့်ဖြူးလိုက်ခြင်းပင်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်က ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ကိုဗစ်ဒုတိယလှိုင်တုန်းက ရခိုင်ကနေပြန်လာတဲ့ လေယာဉ်မှာ ကိုဗစ်လူနာပါလာခဲ့တာ၊ လေယာဉ်တစ်စီးလုံး ခရီးသည်တွေ ကူးစက်နိုင်ပြီး တစ်နိုင်ငံလုံး ဖြန့်ဖြူးသလို ဖြစ်မှာစိုးရိမ်လို့ နိုင်ငံကို အမေစုကိုယ်တိုင် ကြေညာပြီး လေယာဉ်စီးခရီးသည်တွေ အားလုံး သက်ဆိုင်ရာကိုအကြောင်း ကြားဖို့နဲ့ အရေးယူမှုတွေ လုပ်ခဲ့တယ်။ အခုကျတော့ စစ်တပ်ကတော့ အဲဒီ ကိုဗစ်ကူးစက်တဲ့ စက်ရုံလုပ်သား ၉၀၆ ဦး တစ်နိုင်ငံလုံး အနှံ့ ခွင့်ပြန်သွားတာကို မကြေညာဘဲ လျှို့ဝှက်ထားတာက ပြည်သူတွေ ကိုဗစ် ကူးအောင် ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ ပြောလို့ရပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ကိုဗစ်အစုလိုက်အပြုံလိုက် ကူးစက်သေ Myanmar Asia Optical (မှန်ဘီလူး) စက်ရုံမှ ခွင့်ပြန်ဝန်ထမ်း ၉၀၆ ဦးသည် ပြည်နယ်နှင့်တိုင်း နေရာအစုံသို့ ခွင့်ပြန်သွားကြရာတွင်နေပြည်တော် ၁၀ ဦးကချင်ပြည်နယ် ၃ ဦးစစ်ကိုင်းတိုင်း ၄၃ ဦး ပဲခူးတိုင်း ၂၃၂ ဦး မကွေးတိုင်း ၁၃၀ ဦးမန္တလေးတိုင်း ၆၉ ဦးမွန်ပြည်နယ် ၃ ဦး ရခိုင်ပြည်နယ် ၂၁ ဦးရန်ကုန်တိုင်း ၂၇၉ ဦးရှမ်းပြည်နယ် ၄ ဦးဧရာ၀တီတိုင်း ၁၁၂ ဦး တို့ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ခွင့်ပြန်ဝန်ထမ်း ၉၀၆ ဦးသည် ကိုဗစ်ကူးစက်ရန် အလားအလာ အလွန်များနေပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု စတုတ္တလှိုင်း ရောက်ရှိနိုင်ပါသဖြင့် ယင်း ဝန်ထမ်း ၉၀၆ ဦး၏ အသေးစိတ်အချက်အလက်များကို ရန်ကုန်ခေတ်သစ်က ပြည်သူလူထုသိရှိ သတိထားနိုင်စေရန် တရားဝင် ထုတ်ပြန်ပေးမည်ဖြစ်ပါသည်။