35 C
Yangon

မြန်မာနိုင်ငံသား သန်း ၂၀ နီးပါး၏လုံခြုံရေးအတွက် တယ်လီနောမြန်မာကို စစ်အုပ်စုလက်ဝေခံ ကုမ္ပဏီသို့ ရောင်းချမှု ခွင့်မပြုဟု NUG ယာယီသမ္မတက နော်ဝေဝန်ကြီးချုပ်ထံ စာပို့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

တယ်လီနောမြန်မာကို အကြမ်းဖက် စစ်အာဏာရှင် လက်ဝေခံ Investcomသို့ ရောင်းမည့် ကိစ္စ လက်မခံကြောင်းနှင့် ခွင့်မပြုကြောင်း နော်ဝေဝန်ကြီးချုပ် Jonas Gahr Støre ထံ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ် ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စာရေးသားပေးပိုသည်။ တယ်လီနောမြန်မာ၏ အချက်အလက်များတွင် မြန်မာပြည်သူများ၏ မပေါက်ကြားရမည့် အချက်အလက်များ ရှိနေပြီးအဆိုပါ ရောင်းချမှုကြောင့် တယ်လီနောအသုံးပြုသူ မြန်မာနိုင်ငံသား ၁၈ ဒသမ ၃ သန်း၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အစည်း အဝေးတွင်လည်း တယ်လီနော၏ ရောင်းချမှုကို အတည်မပြုပေးသင့်ဟု ဆုံးဖြတ်ထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရယာယီသမ္မတ ဒူဝါလရှီးလ ၏ စာတွင် ဖော်ပြထားသည်။“ကျနော်တို့ NUG အနေနဲ့ နော်ဝေအစိုးရကို တယ်လီနောနဲ့ပတ်သက်လို့ တရားမဝင် စစ်အာဏာရှင်တွေရဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို လျစ်လျစ်ရှုပေးရေး တောင်းဆိုပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကလုပ်ငန်းကို ရောင်းချမယ့် ဆုံးဖြတ်ချက်ကိုလည်း အသုံးပြုသူ ၁၈ ဒသမ ၃ သန်းကို စစ်အာဏာရှင်လက်ထဲ တွန်းပို့တားမျိုးမဖြစ်အောင် တားဆီးဖို့အတွက် ပြန်ပြင်တာဖြစ်စေ၊ တားဆီးတာဖြစ်စေ လုပ်ပေးစေချင်ပါတယ်။ NUG နဲ့ မြန်မာပြည်သူတွေရဲ့ ဆုံး ဖြတ်ချက်ကို ကူညီ ပေးဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပေးပို့သည့် စာတွင် ဖော်ပြထားသည်။တယ်လီနောမြန်မာကို ၂၀၂၁ ခုနှစ် ဇူလိုင်တွင် လက်ဘနွန် လုပ်ငန်း MI Group ကို ရောင်းချမည်လို့ သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။MI Group သည် လက်ဘနွန် အခြေစိုက် လုပ်ငန်းတစ်ခုဖြစ်ပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်များနှင့်လွတ်လပ်စွာ ထုတ်ဖော်ခွင့်များကို အလေးမထားသည့် မှတ်တမ်းများရှိနေကြောင်း၊ အကျင့်ပျက်ခြစားမှု မှတ်တမ်းများ၊ အာဏာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်မှု သမိုင်းကြောင်းရှိသည့် လုပ်ငန်းစုဖြစ်ကြောင်း သိရှိရသည်တယ်လီနောအနေဖြင့် လုပ်ငန်းကို Investcom ထံ ရောင်းချရန် စီစဉ်နေပြီး Investcomသည် စစ်ဘက်နှင့် ဆက်နွှယ်နေသည့် ရွှေဗျိုင်းဖြူ လုပ်ငန်းသည် အဓိကရှယ်ယာရှင်ဖြစ်နေကြောင်း၊ကျန်သည့် ရှယ်ယာများမှာမူ MI အဖွဲ့က ပိုင်ဆိုင်ကြောင်း၊ ရွှေဗျိုင်းဖြူ၏ မန်နေးဂျင်းဒါရိုက်တာသည် EU က စီးပွား ရေး ပိတ်ပင်ထား Forest Joint Venture Corporation ၏ အဓိက ရှယ်ယာရှင်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ၏ နော်ဝေဝန်ကြီးချုပ် Jonas Gahr Støre ထံ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article